" ချစ်စရာ့ နံနက်ခင်း "
# တောင်စွယ်နှင့်တောတန်း
စိတ်ရွှင်လန်းဖွယ်
လမ်းသွယ်သွယ်နှင့်
စေတီငယ်တစ်ဆူ
တွေ့ရသည့် သည်အငူမှာ
မွှေးကြူသည့် ဇလပ်ပန်း
လူတိုင်းရဲ့စိတ်ကို
အေးချမ်းစေနိုင်ပါတယ် . . .။
# တောင်ခြေမှာ ရစ်ခွေ
စီးဆင်းလေသည့်
ချောင်းငယ်တစ်စင်း
လွမ်းမောဖွယ်နံနက်ခင်းမှာ
ငှက်ကလေးတွေ
ရေသောက်ဆင်းနေကြတယ်။
# အဲဒီလို ရှုမျှော်ခင်း
သဘာဝအလှတွေပေါဘှတဲ့
မြန်မာပြည်ရဲ့ နံနက်ခင်း
မြန်မာပြည်ရဲ့ အခင်းအကျင်းမျိုး
ဘယ်နိုင်ငံအတွင်းမှာ တွေ့ရသလဲ ?
အို . .မိတ်ဆွေ . . .
တွေ့ခဲ့ဖူးရင် အဖြေပေးခဲ့ပါ့ . . .။
# စာဆိုရှင်ကတော့လေ. .
ဘယ်သူတွေ ဘာပြောပြော
မြန်ပြည်ရဲ့ ရှုခင်း
မြန်ပြည်ရဲ့ နံနက်ခင်းကို
သိပ်ချစ်တယ်ဗျာ . . .။
ထွန်းနောင်(ဖောင်းပြင်)
# တောင်စွယ်နှင့်တောတန်း
စိတ်ရွှင်လန်းဖွယ်
လမ်းသွယ်သွယ်နှင့်
စေတီငယ်တစ်ဆူ
တွေ့ရသည့် သည်အငူမှာ
မွှေးကြူသည့် ဇလပ်ပန်း
လူတိုင်းရဲ့စိတ်ကို
အေးချမ်းစေနိုင်ပါတယ် . . .။
# တောင်ခြေမှာ ရစ်ခွေ
စီးဆင်းလေသည့်
ချောင်းငယ်တစ်စင်း
လွမ်းမောဖွယ်နံနက်ခင်းမှာ
ငှက်ကလေးတွေ
ရေသောက်ဆင်းနေကြတယ်။
# အဲဒီလို ရှုမျှော်ခင်း
သဘာဝအလှတွေပေါဘှတဲ့
မြန်မာပြည်ရဲ့ နံနက်ခင်း
မြန်မာပြည်ရဲ့ အခင်းအကျင်းမျိုး
ဘယ်နိုင်ငံအတွင်းမှာ တွေ့ရသလဲ ?
အို . .မိတ်ဆွေ . . .
တွေ့ခဲ့ဖူးရင် အဖြေပေးခဲ့ပါ့ . . .။
# စာဆိုရှင်ကတော့လေ. .
ဘယ်သူတွေ ဘာပြောပြော
မြန်ပြည်ရဲ့ ရှုခင်း
မြန်ပြည်ရဲ့ နံနက်ခင်းကို
သိပ်ချစ်တယ်ဗျာ . . .။
ထွန်းနောင်(ဖောင်းပြင်)
No comments:
Post a Comment