Saturday, December 28, 2013
ချစ်​ခြင်း၏နိဒါန်း ( W.Z.O )
မိန်းက​လေး  
မင်းရဲ့အပြုံးချိုချိုက
ငါ့နှလုံးသားဗဟိုကို   စူးနစ်​ခဲ့ပါပြီ... .
ကြင်​ နာတာလား နာကျင်​တာလား.....
ရင်​ မှာခံစား​နေ ရတာ ​တော့အမှန်​ပါ......
ဘာပဲ ဖြစ်​ဖြစ်​ပါ မိန်းက​ လေးရယ်
ပိုးဖလံ မီးမ​ ကြောက်​သလို
မင်းအလှ​ အောက်​  ဒူး​ထောက်​ဖို့လည်း 
ငါဝံ့ရဲပါတယ်​.......
အချစ်​ကို
ဗြဟ္မာ​တွေ ကစတယ်​    ​ပြော​ပြော 
အာဒံနဲ့ဧဝကစတယ်​လို့ဆိုဆို
ငါ့ရင်​ တွင်းချစ်​ ခြင်းတရားက
မင်းရဲ့အပြစ်​ကင်းတဲ့  အပြုံး​ကြောင့်
ပေါက်​ဖွားခဲ့တာပါကွယ်​........ 
Friday, December 27, 2013
နားလည်​ပါ​စေ ပန်းက​လေး (အယ်​ခဲလူ)
ငါ့ဘဝငါ့နေရာ
ငါ့ဥယျာဉ်ငါ့ကမ္ဘာ ငယ်ထဲမှာ
သိပ်လှတဲ့ပန်းလေးတစ်ပွင့်
လန်းဆန်းစွာဖူးပွင့်ခဲ့ဖူးတရ်
မြင် သူတကာငေးမော
လှလွန်းသူဖြစ်နေ လေ တော့
ပျားပိတုန်းတွေလည်း
ဝိုင်းဝိုင်းလည်လို့ပေါ့
ပျားပိတုန်းတွေရဲ့
အတို့အဆိတ်အယုအယ
ကျီစယ်မှု့တွေရဲ့ကြား
မိုးလေမမြင် သူပျော်နေ လေရဲ့
သူဘဝ လေး
အနာတရမဖြစ်အောင်
ပေါင်းသင်မြေဆွ
ရေစင်လောင်းလို့
ပြုစုကာစောင့်ရှောက်ပေးသူက
ငါ့ဆိုတဲ့ဥယျာဉ်မှုး
ဥယျာဉ်မှုးတို့ရဲ့သဘာဝအတိုင်း
မခူးရက်မနမ်းရက်
မခြွေရက်နဲ့
အရိပ်တကြည့်ကြည့်နဲ့
ရင်မောလိုက်တာကွယ်
ပန်းက လေးကိုမေးချင် မိတရ်
ချစ်တတ်ခင် တတ်
ကြင် နာတတ်လွန်းတဲ့
ဥယျာဉ်မှုးလေးရဲ့
ရင် ခုန်သံချိုချိုလေးတွေကို
ဘယ်သောခါမှ
ခံစားမိမည်လည်း
ပန်းက လေးရယ်။
Wednesday, December 25, 2013
အချစ်​ ဆိုတာ (​ငွေလဝန်း ၏ ရင်​တွင်းဖြစ်​ )
သူသိပါစေ  မပန်လိုပါ
ပန်းလိပ်ပြာရယ်
ပန်းဥယျာဉ်မှာ  နင်ပျော်ပါစေ
ငါဆုချွေလျက် ........
ကြုံသာကြုံ မဆုံသောလမ်းမို့     
ကံဇာတ်ဆရာကိုလည်း  အပြစ်မဖွဲ့လိုပါ။ 
ကြိုးဆွဲတိုင်း   ကပြတတ်တဲ့ 
ရုပ်သေးရုပ်လည်း  မဟုတ်ပါ။
ဥယျာဉ်ဆိုတာ 
လူတွေကိုရှုချင်ဖွယ် ဖြစ်အောင်ဖန်ဆင်း      
ထားတဲ့ရှုခင်းတစ်ခုပါ    
 အလှတွေဝေဆာ     နေတဲ့ပန်းပွင့်ကို  
ခူးပိုင်ခွင့်မရှိသလို       
အချစ်ဆိုတဲ့  ဥယျာဉ်မှာလဲ 
ဥပမာန  ဥပေမယ်  
ဥပမာဇောတကတွေနဲ့
ဘယ်လိုပဲဖွဲ့ဆိုဖွဲ့ဆို
ဝင်္ကဝုတ္တိလို 
အကောက်အကွေ့
တွေနှင့်ဘယ်လိုပဲရေးရေး
အချစ်ဆိုတာ  ခါးသီးခြင်းနဲ့
ချိုမြိန်ခြင်းပါပဲ သစ္စာနဲ့မေတ္တာ 
ပေါင်းစပ်မှုမရှိရင်  ခါးသီးခြင်းဖြစ်မယ်
ညီမျှမှုတူညီမှုရှိရင် ချိုမြိန်ခြင်းတဲ့ကွယ်  ။
Tuesday, December 24, 2013
အလှနှင့်​ဘဝ
အလှကိုရှာ
ဘယ်​မှမ​တွေ့
ဘဝမြင်​မှ အလှ​တွေ့။
ဘဝကိုရှာ
ဘယ်​မှမ​တွေ့
ကိုယ်​ချင်းစာမှ
ဘဝ​တွေ့။
Published with Blogger-droid v2.0.10