သူသိပါစေ မပန်လိုပါ
ပန်းလိပ်ပြာရယ်
ပန်းဥယျာဉ်မှာ နင်ပျော်ပါစေ
ငါဆုချွေလျက် ........
ကြုံသာကြုံ မဆုံသောလမ်းမို့
ပန်းလိပ်ပြာရယ်
ပန်းဥယျာဉ်မှာ နင်ပျော်ပါစေ
ငါဆုချွေလျက် ........
ကြုံသာကြုံ မဆုံသောလမ်းမို့
ကံဇာတ်ဆရာကိုလည်း အပြစ်မဖွဲ့လိုပါ။
ကြိုးဆွဲတိုင်း ကပြတတ်တဲ့
ရုပ်သေးရုပ်လည်း မဟုတ်ပါ။
ဥယျာဉ်ဆိုတာ
လူတွေကိုရှုချင်ဖွယ် ဖြစ်အောင်ဖန်ဆင်း
ရုပ်သေးရုပ်လည်း မဟုတ်ပါ။
ဥယျာဉ်ဆိုတာ
လူတွေကိုရှုချင်ဖွယ် ဖြစ်အောင်ဖန်ဆင်း
ထားတဲ့ရှုခင်းတစ်ခုပါ
အလှတွေဝေဆာ နေတဲ့ပန်းပွင့်ကို
ခူးပိုင်ခွင့်မရှိသလို
အချစ်ဆိုတဲ့ ဥယျာဉ်မှာလဲ
ဥပမာန ဥပေမယ်
ဥပမာဇောတကတွေနဲ့
ဘယ်လိုပဲဖွဲ့ဆိုဖွဲ့ဆို
ဝင်္ကဝုတ္တိလို
အကောက်အကွေ့
တွေနှင့်ဘယ်လိုပဲရေးရေး
အချစ်ဆိုတာ ခါးသီးခြင်းနဲ့
ချိုမြိန်ခြင်းပါပဲ သစ္စာနဲ့မေတ္တာ
ပေါင်းစပ်မှုမရှိရင် ခါးသီးခြင်းဖြစ်မယ်
ဥပမာန ဥပေမယ်
ဥပမာဇောတကတွေနဲ့
ဘယ်လိုပဲဖွဲ့ဆိုဖွဲ့ဆို
ဝင်္ကဝုတ္တိလို
အကောက်အကွေ့
တွေနှင့်ဘယ်လိုပဲရေးရေး
အချစ်ဆိုတာ ခါးသီးခြင်းနဲ့
ချိုမြိန်ခြင်းပါပဲ သစ္စာနဲ့မေတ္တာ
ပေါင်းစပ်မှုမရှိရင် ခါးသီးခြင်းဖြစ်မယ်
ညီမျှမှုတူညီမှုရှိရင် ချိုမြိန်ခြင်းတဲ့ကွယ် ။
No comments:
Post a Comment