Friday, August 15, 2014

ဝေးရက်တွေအောက်မှာ - (စိုင်းဟေမာန်)

(ဝေးရက်တွေအောက်မှာ)

ခွဲခွါခဲ့ရတဲ့ ညနေကဆို
ဝမ်းနည်းခြင်း အဖုံဖုံတွေကြောင့်
ရင်လိုက်သည်းဖို
ကိုကြီး ငိုခဲ့မိတယ် ညီမလေး....

ယောက်ျားဆိုပေမဲ့ နုးညံသိမ်မွှေ့တဲ့
နှလုံးသားနဲ့ ဘဝကို အားပြုခဲ့မိသူမို့
အားငယ်တဲ့အခါ ရှက်စနိုးစိတ်ကို
ထိန်းမထားနိုင်ဘဲ
ခွဲခွါရတဲ့ ရက်တွေအတွက်
အမှတ်တရ ဖြစ်စေကြောင်း
အတွင်းဒဏ်ရာက....
မျက်ရည်စတွေကို ယူဆောင်ရင်း
သက်သေပြုသွားကြပေါ့ ညီမလေး

ကြာညောင်းသောဝေးရက်တွေကြောင့် အချစ်တွေဟာ အမုန်းများဖြစ်သွားပြီလား ညီမလေး......

အတွေးနယ်လွန်သူ ဘဝဖြင့်
စိတ်ရှည်စွာ မျှော်နေမိတယ်
ပြန်မဆုံနိုင်မှန်းသိပေမဲ့
အစားထိုးမရတဲ့ နှလုံးသားက
ညီမလေးကို စောင့်လိုက်ပါဦးတဲ့
နှလုံးသားရဲ့ လိုအင်ကြောင့်
ကိုကြီးလည်း လူပျိုကြီးဖြစ်ခဲ့ရပေါ့
ညီမလေးရာ

(ရင်တွင်းဖြစ်)စိုင်းဟေမာန်

Thursday, August 14, 2014

ရင်ခုန်နေရတာ ( ကောင်းကင်)

နှလုံးသားတစ်ခုရဲ့ မြတ်နိုးခြင်း
စကားသံတို့နဲ့ အချစ်ကိုဖွင့်
ဆိုမိတဲ့အခါ အလွမ်းတွေက
ကဗျာထဲမှာစီးဆင်းရင်း
ဒီတစ်သက်အတွက် ချစ်ခြင်းပါ

ညတစ်ညရဲ့ ခြားနားမှုပာာ
တစ်ဘက်သတ် အလွမ်းတွေနဲ့
အမြဲတမ်းလိုလို စစ်ခင်းနေရတဲ့
ကိုယ်အတွက် အရှုံးများတဲ့
ဒဿနတစ်ခုပါ

အခိုက်အတန့်တစ်ချို့ရဲ့
မျက်ဝန်းဆုံမှတ်တို့နဲ့ လှနေတဲ့အခါ
ပျော်ရွှင်ခြင်းတွေအပြည့်နဲ့
ရင်ခုန်နေရတာပဲလေ

ကောင်းကင်

လောကဓံကြိုးဝိုင်းထဲက အမေ - (စိုင်းဟေမာန်)

(လောကဓံကြိုးဝိုင်းထဲက အမေ)

(1) အမေဘဝ ကြမ်းပေမဲ့
သားသ္မီးဘဝ မနွမ်းရအောင်
ရှေ့ဆောင်လမ်းပြ အကြင်နာပေါင်းခ
ဂရုဏာနှင့်ဆုံးမ ပီတိနှင့်ပြုံးပြ
မေတ္တာနှင့် အသုံးချစကားဆိုတတ်တဲ့
အမေ

(2) အမေဘဝကလည်း မည်သည့်အရာနင့်မျှ
နှိုင်းစာ မရတဲ့ဘဝဆိုတော့
အမေ့ရဲ့ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခဲ့တာပေါ့နော်
အမေ--

(3) အမေဂုဏ်ပုဒ် ဘွဲ့တခုရဖို့အတွက်
အသက်ကိုရင်း လောကဓံကိုကျောခင်း ချွေးနဲ့ရင်း အားတင်းခဲ့ရတယ်ဆိုတာ
သား/သ္မီးတို့တွေ သိပါရဲ့ အမေ

(4) အမေကသာ သား/သ္မီးတွေအပေါ်
မေတ္တာတရားတွေမဲ့ခဲ့လျှင်
သား/သ္မီးတို့တွေ လောကထဲကို
တိုးဝင်ရောက်ဖို့ဆိုတာ မဖြစ်နိုင်ပါအမေ--

(5) အမေရဲ့ကြီးမှားတဲ့ မေတ္တာထုတွေကြောင့်
ယခုတော့ လောကထဲမှာ သား/သ္မီးများ
ရှင်သန်ခွင့်ရခဲ့ပြီ အမေ--

(6) ကြီးမားတဲ့ အမေမေတ္တာကို အမှီပြုလို့
သား/သ္မီးတို့တတွေ သာသနာတော်နှင့်လည်း
ကြုံခဲ့ရပြီး ကောင်းမှု့တွေလည်း
ပြုခွင့်ရခဲ့ပြီ အမေ-

(7) အမေ ကျေးဇူးတရားတွေ အချို့ကျေစေဖို့
သား/သ္မီးတို့တတွေက တိုက်တွန်းပါ၏
မာရဏခံတွင်း မသက်ဆင်းမှီ
ဓမ္မအေးရိပ်မှာ ဘာဝနာစိတ်နဲ့
မှေးစက်ပါတော့ အမေ
ရေ-
မှေးစက်ပါတော့

(ရင်တွင်းဖြစ်)
စိုင်းဟေမာန်

Tuesday, August 12, 2014

အ​ဝေးကချစ်​သူ (​နေကာရံ)

အ​ဝေးကချစ်​သူ (​နေကာရံ)

အ​နေ​ဝေး​တော့
ရင်​​​လေးမိတရ်​နွယ်..
အညှာမခိုင်​ဘဲ​ကြွေလွယ်​ခဲ့သူမို့
ကြွေကျလို့​မြေခတဲ့
အချိန်​တို​င်း​လေ​ပြေနှင်​ရာ
လွင့်​ပါရသူမို့ ရင်​မှာသိုသိပ်
ချစ်​တဲ့စိတ်​ကို ချစ်​တဲ့သူသာသိ​စေချင်
ပြန်​မြင်​လှည့်​ပါကိုရဲ့သခင်

ချစ်တဲ့သူလေးသိပါစေ. (မောင်{သန်လျင်})

ချစ်သူ
ဘယ်ရက်ဌာနေ ဘယ်စီနေနေ
မောင့်ရဲ့ချစ်သူ…
မောင့်ချစ်သူကို
နေ့ရှိတိုင်းပဲ လွမ်းအားပိုသည်
ချစ်တဲ့ သူလေးသိပါစေ…?

မောင်{သန်လျင်}

ခေါင်းအုံးလေးပဲ သိနေတယ် ( မောင်{သန်လျင် )

စိတ္တဇနဲ့ အိပ်မရတဲ့
ဘဝညပေါင်း ကိုယ့်အကြောင်းကို
ခေါင်းအုံးလေးပဲ သိနေတယ်
ချစ်သူရယ်....?

မောင်{သန်လျင်}

Wednesday, August 6, 2014

အဖြူ​ရောင်​စည်းကြားက...

တမ်းတအိမ်မက်တွေ
တမြတ်တနိုးထုဆစ်လို့
အဆုံးစွန်သောဆန္ဒတွေ
သူ့အချစ်ကို…ကျွန်တော်
မျှော်လင့်တောင့်တခဲ့တာ....

ယုံကြည်ပါချစ်သူ
အဖြူရောင်တံတိုင်းတွေခြားခဲ့လို့
ဖွင့်မပြောဖြစ်ခဲ့ပေမယ့်
့ကြယ်ကြွေတွေ
ရေသောက်ဆင်းတဲ့ရင်ခွင်မှာ
မင်းအတွက်…ရင်ခုန်သံတွေ
ပြာမဖြစ်သေးပါဘူး…

တိတ်တခိုးမျက်ဝန်းတွေနဲ့
မ၀ံ့ရဲတော့တဲ့…ငါ
ဆုံတွေ့မိချိန်တိုင်း
မြိုသိပ်ကာသိုဝှက်ခဲ့ပေမယ့်
အရင်းနှီးဆုံးရင်ခုန်သံတွေက
ငါ့ရင်မှာ…
ဝုန်းဒိုင်းကြဲဆူညံမြဲပဲ….

ယုံကြည်ပါချစ်သူ
ကြင်နာသူရင်ခွင်မှာ
မင်းပျော်ရွှင်စွာရယ်မောနိုင်ဖို့
ငါ့....မျှော်လင့်ခြင်းရင်ခုန်သံတွေ
အဖြူစင်ဆုံးသော့တစ်ချောင်းနဲ့
ငါ…ခတ်ပိတ်ပစ်ခဲ့တယ်…

ိချစ်လို့မသေပေမယ့်
သေလုအောင်ချစ်ခဲ့တဲ့…ငါ
ခံစားချက်တွေမြိုသိပ်လို့ ရင်ကွဲခဲ့ပါစေ....
ရှေ့ဆက်...."သူငယ်ချင်း” လို့ပဲဆက်လို့ခေါ်နေမှာ…

သူငယ်ချင်းရယ်…
ငါခံစားရသလိုမခံစားပါရစေနဲ့
ငါသတိရသလိုသတိမရပါစေနဲ့
အရိုးဖြောင့်ဆုံးနှလုံးသားနဲ့
ဆုတောင်းပေးပါရဲ့....
ငါ့စေတနာတွေအရောင်လက်ခဲ့ရင်
ဒီဘ၀မှာတစ်ခါပဲ
ချစ်သူနဲ့လွဲပါရစေ…။ ။

အမှန်​တကယ်​ဆိုရင်...

ရူးသွပ်တဲ့ စိတ်ကူးယဉ်အချစ်ဟာ
အိပ်မက်ထဲမှာပဲ ချန်ထားခဲ့သင့်တယ်

မဖြစ်နိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဟာ
အမြန်ဆုံး အဆုံးသတ်သင့်တယ်

ဇာတ်ပေါင်းခန်း မရှိတဲ့ story တစ်ခုဟာ
ဇာတ်နာရုံ သက်သက်သာ ဖြစ်တယ်

အဆုံးမဲ့ ချစ်ခြင်းဟာ ကိုယ်မြတ်နိုးတဲ့ လက်တွဲဖော်အတွက်သာ ဖြစ်သင့်တယ် 

အတွေး

အတွေး

မိုးစက်တွေကြား ထိုင်ငေး
ကမ်းစပ်လေးမှာ လွမ်းဖူးတယ်
ညိုမှိုင်းနေတဲ့ ကောင်းကင်ကိုမော့ကြည့်
သူရှိနေမလား တွေးဖူးတယ်
ကိုယ်မှာလာနားတဲ့ လိပ်ပြာလေး
သူ ဖြစ်နေမလားတွေး....
မောင်"လို့ တိုးတိုးလေးခေါ်ဖူးတယ်
အချစ်ဆိုတာ
ကမ္ဘာမြေပေါ် သူမရှိတော့သည့်တိုင်
သူ့ကိုချစ်တဲ့ အချစ်စိတ်တွေ 
နှလုံးသားထဲ ရူးသွပ်စွာစွဲလန်းနေခြင်းပါ ပဲ

ထွက်သွားရက်သူ ( heart beat )

ထွက်သွားရက်သူ

ဆုံးရူံးသွားတဲ့ယုံကြည်မူအတွက်
အမြစ်မရှိတဲ့ရေသာ
ငါ့နှလုံးသားမှာစီးဆင်းခဲ့...
ယုံကြည်မူကိုကိုးစား
နှလုံးသားကိုပုံအောထားပေမယ့်
ဥပေက္ခာသာပြန်ရခဲ့တာပါ...
မေ့ဖို့ကြိုးစားပေမယ့်
သတိရတမ်းတရသူမို့
မမြင်ကွယ်ရာက
လက်ပြလို့ခေါ်နေမိ....
မင်းမြင်နိုင်ပါစေ....လို့
ငါဆုတောင်းခဲ့ပေမယ့်
တစ်ဖြည်းဖြည်းနဲ့ဝေးကွာသွားတာ
ဒြပ်မဲ့နှလုံးသားနှစ်ခုပါ

heart beat

အရက်သမား

"အရက်သမား}

တစ်ရက် တစ်ရက်နဲ့
တစ်ပက် နှစ်ပက်မှ
စိတ် ပိုင်း လုံးထိ ဆုံးသည်မရှိ
မနေ့က စိတ်ညစ်တယ်
ဒီနေ့တော့ အပျော်သောက်
နောက်နေ့ကျ အနာဖြေ
ကြာလေလေ အရက်စွဲ
မျက်နှာမွဲ မျက်နှာငယ်
ရှက် ကြောက်တာမမြင်
လူမြင်ရင်အထင်သေး
ရင်လေးစရာမို့
တစ်သက်တာပြင်မရရင်ဖြင့်
တဒင်္ဂအမှားမဟုတ်
အများသမုတ်ကြမှာက
"ရှက်စရာများနဲ့ အရက်သမား".......တဲ့