Thursday, August 14, 2014

လောကဓံကြိုးဝိုင်းထဲက အမေ - (စိုင်းဟေမာန်)

(လောကဓံကြိုးဝိုင်းထဲက အမေ)

(1) အမေဘဝ ကြမ်းပေမဲ့
သားသ္မီးဘဝ မနွမ်းရအောင်
ရှေ့ဆောင်လမ်းပြ အကြင်နာပေါင်းခ
ဂရုဏာနှင့်ဆုံးမ ပီတိနှင့်ပြုံးပြ
မေတ္တာနှင့် အသုံးချစကားဆိုတတ်တဲ့
အမေ

(2) အမေဘဝကလည်း မည်သည့်အရာနင့်မျှ
နှိုင်းစာ မရတဲ့ဘဝဆိုတော့
အမေ့ရဲ့ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခဲ့တာပေါ့နော်
အမေ--

(3) အမေဂုဏ်ပုဒ် ဘွဲ့တခုရဖို့အတွက်
အသက်ကိုရင်း လောကဓံကိုကျောခင်း ချွေးနဲ့ရင်း အားတင်းခဲ့ရတယ်ဆိုတာ
သား/သ္မီးတို့တွေ သိပါရဲ့ အမေ

(4) အမေကသာ သား/သ္မီးတွေအပေါ်
မေတ္တာတရားတွေမဲ့ခဲ့လျှင်
သား/သ္မီးတို့တွေ လောကထဲကို
တိုးဝင်ရောက်ဖို့ဆိုတာ မဖြစ်နိုင်ပါအမေ--

(5) အမေရဲ့ကြီးမှားတဲ့ မေတ္တာထုတွေကြောင့်
ယခုတော့ လောကထဲမှာ သား/သ္မီးများ
ရှင်သန်ခွင့်ရခဲ့ပြီ အမေ--

(6) ကြီးမားတဲ့ အမေမေတ္တာကို အမှီပြုလို့
သား/သ္မီးတို့တတွေ သာသနာတော်နှင့်လည်း
ကြုံခဲ့ရပြီး ကောင်းမှု့တွေလည်း
ပြုခွင့်ရခဲ့ပြီ အမေ-

(7) အမေ ကျေးဇူးတရားတွေ အချို့ကျေစေဖို့
သား/သ္မီးတို့တတွေက တိုက်တွန်းပါ၏
မာရဏခံတွင်း မသက်ဆင်းမှီ
ဓမ္မအေးရိပ်မှာ ဘာဝနာစိတ်နဲ့
မှေးစက်ပါတော့ အမေ
ရေ-
မှေးစက်ပါတော့

(ရင်တွင်းဖြစ်)
စိုင်းဟေမာန်

No comments:

Post a Comment