Friday, August 15, 2014

ဝေးရက်တွေအောက်မှာ - (စိုင်းဟေမာန်)

(ဝေးရက်တွေအောက်မှာ)

ခွဲခွါခဲ့ရတဲ့ ညနေကဆို
ဝမ်းနည်းခြင်း အဖုံဖုံတွေကြောင့်
ရင်လိုက်သည်းဖို
ကိုကြီး ငိုခဲ့မိတယ် ညီမလေး....

ယောက်ျားဆိုပေမဲ့ နုးညံသိမ်မွှေ့တဲ့
နှလုံးသားနဲ့ ဘဝကို အားပြုခဲ့မိသူမို့
အားငယ်တဲ့အခါ ရှက်စနိုးစိတ်ကို
ထိန်းမထားနိုင်ဘဲ
ခွဲခွါရတဲ့ ရက်တွေအတွက်
အမှတ်တရ ဖြစ်စေကြောင်း
အတွင်းဒဏ်ရာက....
မျက်ရည်စတွေကို ယူဆောင်ရင်း
သက်သေပြုသွားကြပေါ့ ညီမလေး

ကြာညောင်းသောဝေးရက်တွေကြောင့် အချစ်တွေဟာ အမုန်းများဖြစ်သွားပြီလား ညီမလေး......

အတွေးနယ်လွန်သူ ဘဝဖြင့်
စိတ်ရှည်စွာ မျှော်နေမိတယ်
ပြန်မဆုံနိုင်မှန်းသိပေမဲ့
အစားထိုးမရတဲ့ နှလုံးသားက
ညီမလေးကို စောင့်လိုက်ပါဦးတဲ့
နှလုံးသားရဲ့ လိုအင်ကြောင့်
ကိုကြီးလည်း လူပျိုကြီးဖြစ်ခဲ့ရပေါ့
ညီမလေးရာ

(ရင်တွင်းဖြစ်)စိုင်းဟေမာန်

No comments:

Post a Comment