Saturday, September 20, 2014
Friday, September 19, 2014
Saturday, September 13, 2014
ညီမလေး သိစေချင် .... ကိုဖြိုး ( ပုလဲ)
ညီမလေး သိစေချင် ....
ညီမလေး ပို့ထားတဲ့
viber messageလေးက
အစ်ကို့ ကို တစ်ယောက်ထဲ မဖြစ်စေဘူး.....
ညီမလေး ph-Recored အသံလေး
ပြန်ကြားနေရတဲ့အချိန်က
အစ်ကို ကို အထီးမကျန်စေဘူး...
ညီမလေးဆီကို
phoneမဆက်ရတဲ့ အချိန်ဆို
အစ်ကို အရမ်းနာကျင်ရပြီး....
ညီမလေးကိုသတိရနေတဲ့ အချိန်လေးမှာတောင်
အကိုပျော်ရွှင်နေတတ်တာပါ...
မနက်ဖြန် တွေတိုင်းမှာ
အစ်ကိုအနား ညီမလေး ရှိနေမယ်ဆိုရင်
ဒီကမ္ဘာမှာ အစ်ကို ရှင်သန်နိုင်တယ်ဆိုတာ
ညီမလေး သိစေချင်လိုက်တာနော်
ကိုဖြိုး ( ပုလဲ)
ပျော်ဘွယ်သူ ညီမလေးသို့
ညီမလေး ပို့ထားတဲ့
viber messageလေးက
အစ်ကို့ ကို တစ်ယောက်ထဲ မဖြစ်စေဘူး.....
ညီမလေး ph-Recored အသံလေး
ပြန်ကြားနေရတဲ့အချိန်က
အစ်ကို ကို အထီးမကျန်စေဘူး...
ညီမလေးဆီကို
phoneမဆက်ရတဲ့ အချိန်ဆို
အစ်ကို အရမ်းနာကျင်ရပြီး....
ညီမလေးကိုသတိရနေတဲ့ အချိန်လေးမှာတောင်
အကိုပျော်ရွှင်နေတတ်တာပါ...
မနက်ဖြန် တွေတိုင်းမှာ
အစ်ကိုအနား ညီမလေး ရှိနေမယ်ဆိုရင်
ဒီကမ္ဘာမှာ အစ်ကို ရှင်သန်နိုင်တယ်ဆိုတာ
ညီမလေး သိစေချင်လိုက်တာနော်
ကိုဖြိုး ( ပုလဲ)
ပျော်ဘွယ်သူ ညီမလေးသို့
အလွမ်းရက်ရှည် (ဆောင်းဦးနွေ-ထုံးဘို)
အလွမ်းရက်ရှည်
ချစ်သူရေ...
စမ်းရေနဲ့အတူ လွမ်းစေတဲ့အရာတွေသာ
မျောပါသွားစေချင်ပါတော့တယ်
နွမ်းနေတဲ့နှလုံးသားရဲ့
အော်ဟစ်မြည်တမ်းတဲ့အသံ
ချစ်သူကိုကြားသိစေချင်တယ်
တစ်ထောင့်တစ်ညဆန်ဆန်
အိမ်မက်တွေထဲက...ငါ့ကို
အမြန်ဆုံးနှိုးထခွင့်ပြုပါ
အလွမ်းတွေကိုစမ်းရေနဲ့အတူ
မျောပါသွားစေချင်ပေမဲ့
စမ်းရေကိုယ်တိုင်က
လွမ်းစေတဲ့အရာဖြစ်ခဲ့လေတော့
ချစ်သူရေ လွမ်းနေရအုံးမည်ပေါ့။
(ဆောင်းဦးနွေ-ထုံးဘို)
ချစ်သူရေ...
စမ်းရေနဲ့အတူ လွမ်းစေတဲ့အရာတွေသာ
မျောပါသွားစေချင်ပါတော့တယ်
နွမ်းနေတဲ့နှလုံးသားရဲ့
အော်ဟစ်မြည်တမ်းတဲ့အသံ
ချစ်သူကိုကြားသိစေချင်တယ်
တစ်ထောင့်တစ်ညဆန်ဆန်
အိမ်မက်တွေထဲက...ငါ့ကို
အမြန်ဆုံးနှိုးထခွင့်ပြုပါ
အလွမ်းတွေကိုစမ်းရေနဲ့အတူ
မျောပါသွားစေချင်ပေမဲ့
စမ်းရေကိုယ်တိုင်က
လွမ်းစေတဲ့အရာဖြစ်ခဲ့လေတော့
ချစ်သူရေ လွမ်းနေရအုံးမည်ပေါ့။
(ဆောင်းဦးနွေ-ထုံးဘို)
သံယောဇဉ်လက်ကျန် - ကိုမင်း....နေပြည်တော်
သံယောဇဉ်လက်ကျန်.........
သံယောဇဉ်မြေတလင်းမှာ
လေညှင်းနဲ့အတူ ကြွေဆင်းခဲ့တဲ့
မောင့်နှလုံးသား
သံယောဇဉ်လက်ကျန်တွေနဲ့ပဲ
အသက်ရှင်သန်နေတယ်ဆိုတာ
ယုံပေးပါ....
မ'မချစ်လို့ပစ်ခဲ့ရင်တောင်
နေမြဲနေတဲ့ သံယောဇဉ်
လက်ကျန်လေးတွေနဲ့ သတိရတမ်းတပေးပါမ'ရယ်
တကယ်လို့
တစ်ပါးသူရဲ့ရင်ခွင်ထဲမှာ
မ'မပျော်ဘူးဆိုရင်
မ'ထားခဲ့လို့ကြွေသွားတဲ့ မောင့်အသည်း
မ'မကြိုက်တိုင်းခြွေခဲ့တဲ့
ယောင်္ကျားတွေထက်သာပါတယ်
အခုလေ...အခုတော့
သံယောဇဉ်လက်ကျန်တွေနဲ့...
မ'ကိုလွမ်းနေအုံးမယ်.....!!
ကိုမင်း....နေပြည်တော်
သံယောဇဉ်မြေတလင်းမှာ
လေညှင်းနဲ့အတူ ကြွေဆင်းခဲ့တဲ့
မောင့်နှလုံးသား
သံယောဇဉ်လက်ကျန်တွေနဲ့ပဲ
အသက်ရှင်သန်နေတယ်ဆိုတာ
ယုံပေးပါ....
မ'မချစ်လို့ပစ်ခဲ့ရင်တောင်
နေမြဲနေတဲ့ သံယောဇဉ်
လက်ကျန်လေးတွေနဲ့ သတိရတမ်းတပေးပါမ'ရယ်
တကယ်လို့
တစ်ပါးသူရဲ့ရင်ခွင်ထဲမှာ
မ'မပျော်ဘူးဆိုရင်
မ'ထားခဲ့လို့ကြွေသွားတဲ့ မောင့်အသည်း
မ'မကြိုက်တိုင်းခြွေခဲ့တဲ့
ယောင်္ကျားတွေထက်သာပါတယ်
အခုလေ...အခုတော့
သံယောဇဉ်လက်ကျန်တွေနဲ့...
မ'ကိုလွမ်းနေအုံးမယ်.....!!
ကိုမင်း....နေပြည်တော်
သူ့ဆန္ဒ - ဆောင်းဦးနွေ-ထုံးဘို
သူ့ဆန္ဒ
ချစ်သူရေ...
ငါတို့နှစ်ယောက်ရဲ့ သစ္စာတရားတွေဟာ
ဝေးကွာခြင်းတဲ့လားကွာ
အလွမ်းနဲ့စခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်
အလွမ်းနဲ့အဆုံးသတ်ခဲ့ရတယ်
တကယ်တော့ ဒါဟာ
ဒါရိုက်တာရဲ့ ဆုံးဖြတ်ချက်ပဲလေ
အမှားကြီးမှားခဲ့တဲ့
ဆုံးဖြတ်ချက်တစ်ခုကြောင့်
ငါတို့နှစ်ယောက်ရဲ့ သစ္စာစကားတွေဟာ
မေတ္တာတရားတွေကို
အနိုင်မယူနိုင်ခဲ့ဘူးချစ်သူ
ဝေးကွာခြင်းဆိုတဲ့
သောကတရားတွေအောက်
ငါတို့ရဲ့သစ္စာတရားတွေ
ဒူးထောက်အရှုံးပေးခဲ့ရတာ
ဒါရိုက်တာရဲ့ဆန္ဒပဲလေ။
(ဆောင်းဦးနွေ-ထုံးဘို)
ချစ်သူရေ...
ငါတို့နှစ်ယောက်ရဲ့ သစ္စာတရားတွေဟာ
ဝေးကွာခြင်းတဲ့လားကွာ
အလွမ်းနဲ့စခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်
အလွမ်းနဲ့အဆုံးသတ်ခဲ့ရတယ်
တကယ်တော့ ဒါဟာ
ဒါရိုက်တာရဲ့ ဆုံးဖြတ်ချက်ပဲလေ
အမှားကြီးမှားခဲ့တဲ့
ဆုံးဖြတ်ချက်တစ်ခုကြောင့်
ငါတို့နှစ်ယောက်ရဲ့ သစ္စာစကားတွေဟာ
မေတ္တာတရားတွေကို
အနိုင်မယူနိုင်ခဲ့ဘူးချစ်သူ
ဝေးကွာခြင်းဆိုတဲ့
သောကတရားတွေအောက်
ငါတို့ရဲ့သစ္စာတရားတွေ
ဒူးထောက်အရှုံးပေးခဲ့ရတာ
ဒါရိုက်တာရဲ့ဆန္ဒပဲလေ။
(ဆောင်းဦးနွေ-ထုံးဘို)
မုသားမဲ့သစ္စာ (လျှို့ဝှက်လွမ်း)
မုသားမဲ့သစ္စာ (လျှို့ဝှက်လွမ်း)
ငါ့ရင်ထဲကအချစ်တွေကို
ငါ့တစ်ယောက်တည်းပဲ
တယုတယမြင်နေရတယ်
ငါ့ရင်ကို ခွဲပြီးပြချင်လိုက်တာ
နင်ပြန်ထွက်သွားမှာတော့
ငါအရမ်းကြောက်မိတယ်
အချစ်ဆိုတဲ့အရာက
ငါ့အတွက် ဘာကြောင့်များ
တံတားတစ်စင်း မဖြစ်ရတာလဲ
အခုတော့လေ
မျိုသိပ်ခြင်းတွေ အလိမ်းလိမ်းနဲ့
ခပ်စိမ်းစိမ်းလေး နေရပေမယ့်
ငါလေ နင်ကို သိပ်ချစ်တယ်.....
လျှို့ဝှက်လွမ်း
ငါ့ရင်ထဲကအချစ်တွေကို
ငါ့တစ်ယောက်တည်းပဲ
တယုတယမြင်နေရတယ်
ငါ့ရင်ကို ခွဲပြီးပြချင်လိုက်တာ
နင်ပြန်ထွက်သွားမှာတော့
ငါအရမ်းကြောက်မိတယ်
အချစ်ဆိုတဲ့အရာက
ငါ့အတွက် ဘာကြောင့်များ
တံတားတစ်စင်း မဖြစ်ရတာလဲ
အခုတော့လေ
မျိုသိပ်ခြင်းတွေ အလိမ်းလိမ်းနဲ့
ခပ်စိမ်းစိမ်းလေး နေရပေမယ့်
ငါလေ နင်ကို သိပ်ချစ်တယ်.....
လျှို့ဝှက်လွမ်း
ဖူးဝေရေ... လက္ခဏ(အုတ်ဖို)
ဖူးဝေရေ...
ဟန်ဆောင် ဖုံးကွယ်တတ်သူကို
မရိုးသားသူလို့ ဆိုရင်
ငါဟာ ကမ္ဘာပေါ်မှာ
အကောက်ကျစ်ဆုံးသူတစ်ယောက်
ဖြစ်လိမ့်မယ်...
မင်းကို ငါ ချစ်တယ်...
ဒါပေမဲ့..
ငါ အပြောချင်ဆုံးဖြစ်ပေမဲ့
ဘယ်တော့မှ မပြောဖြစ်တော့မယ့်
စကားတခွန်းလဲ ဖြစ်တယ်..
လက္ခဏ(အုတ်ဖို)
အ မ သ ယ
ဟန်ဆောင် ဖုံးကွယ်တတ်သူကို
မရိုးသားသူလို့ ဆိုရင်
ငါဟာ ကမ္ဘာပေါ်မှာ
အကောက်ကျစ်ဆုံးသူတစ်ယောက်
ဖြစ်လိမ့်မယ်...
မင်းကို ငါ ချစ်တယ်...
ဒါပေမဲ့..
ငါ အပြောချင်ဆုံးဖြစ်ပေမဲ့
ဘယ်တော့မှ မပြောဖြစ်တော့မယ့်
စကားတခွန်းလဲ ဖြစ်တယ်..
လက္ခဏ(အုတ်ဖို)
အ မ သ ယ
Thursday, September 4, 2014
Subscribe to:
Posts (Atom)