Saturday, September 13, 2014

သူ့ဆန္ဒ - ဆောင်းဦးနွေ-ထုံးဘို

သူ့ဆန္ဒ

ချစ်သူရေ...
ငါတို့နှစ်ယောက်ရဲ့ သစ္စာတရားတွေဟာ
ဝေးကွာခြင်းတဲ့လားကွာ
အလွမ်းနဲ့စခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်
အလွမ်းနဲ့အဆုံးသတ်ခဲ့ရတယ်
တကယ်တော့ ဒါဟာ
ဒါရိုက်တာရဲ့ ဆုံးဖြတ်ချက်ပဲလေ
အမှားကြီးမှားခဲ့တဲ့
ဆုံးဖြတ်ချက်တစ်ခုကြောင့်
ငါတို့နှစ်ယောက်ရဲ့ သစ္စာစကားတွေဟာ
မေတ္တာတရားတွေကို
အနိုင်မယူနိုင်ခဲ့ဘူးချစ်သူ
ဝေးကွာခြင်းဆိုတဲ့
သောကတရားတွေအောက်
ငါတို့ရဲ့သစ္စာတရားတွေ
ဒူးထောက်အရှုံးပေးခဲ့ရတာ
ဒါရိုက်တာရဲ့ဆန္ဒပဲလေ။

(ဆောင်းဦးနွေ-ထုံးဘို)

No comments:

Post a Comment