Saturday, September 13, 2014

အလွမ်းရက်ရှည် (ဆောင်းဦးနွေ-ထုံးဘို)

အလွမ်းရက်ရှည်

ချစ်သူရေ...
စမ်းရေနဲ့အတူ လွမ်းစေတဲ့အရာတွေသာ
မျောပါသွားစေချင်ပါတော့တယ်
နွမ်းနေတဲ့နှလုံးသားရဲ့
အော်ဟစ်မြည်တမ်းတဲ့အသံ
ချစ်သူကိုကြားသိစေချင်တယ်
တစ်ထောင့်တစ်ညဆန်ဆန်
အိမ်မက်တွေထဲက...ငါ့ကို
အမြန်ဆုံးနှိုးထခွင့်ပြုပါ
အလွမ်းတွေကိုစမ်းရေနဲ့အတူ
မျောပါသွားစေချင်ပေမဲ့
စမ်းရေကိုယ်တိုင်က
လွမ်းစေတဲ့အရာဖြစ်ခဲ့လေတော့
ချစ်သူရေ လွမ်းနေရအုံးမည်ပေါ့။

(ဆောင်းဦးနွေ-ထုံးဘို)

No comments:

Post a Comment