Tuesday, May 27, 2014

♥ ♥ ♥ ​ကောင်းကင်

အလွမ်းများစွာကို
တရှိုက်မတ်မတ်ဝါးမျိုရင်း
အချိန်ရထားကြီးနောက်မှာဆိုးနင့်
တစ်ပိုးထမ်းလာခဲသမျှ
မှားသယ်မိတဲ့ အလွမ်းလို
ပစ်ချလို့ကွဲကြေမဲ့နှလုံးသားကို
သနားတယ် ချစ်သူ

အနည်းအများထပ်ထိရှရင်
ဒီတစ်ခါနှလုံးသားဒဏ်ရာအပိုင်း
အစများကြားအဆုံးသတ်
သွားလေမလား ချစ်သူ

တဒင်္ဂဆိုပေမယ့်
တခဏတော့
ပျော်ရွှင်ခဲ့ရတယ်
အလွမ်းတွေစည်း
တစ်ဘက်ခြားရင်
ခွဲနေရတဲ့အဖြစ်ပာာ
မာယာချိုဝိုင်များစွာနဲ့
ပြင်းရှရှလွမ်းနေရတဲ့ဘဝ
မပီပြင်တဲ့ပုံရိပ်ကိုစွဲလန်းမှု
ကာရံစုတွေနဲ့
အမှတ်တရဖြစ်စရာ
နိုးတစ်ဝက် အိပ်မက်ပမာ
ယခုတိုင် မမေ့နိုင်ဘူးပေါ့...
ချစ်သူ

ကောင်းကင

Tuesday, May 20, 2014

♥ ♥ ♥ ♥ ​ကောင်းကင်

အချစ်စစ်ရဲ့
နာလည်မှုရင်ခွင်ကို
မြတ်နိုးမှုနဲ့ခေါက်သွားပါ

အတ္တနဲ့နင်းလာတဲ့ခြေလှမ်း
နှလုံးသား
အပြင်မှာပဲထားခဲ့ပါ
ပြီးပြည်စုံတဲ့ကမ္ဘာတစ်ခု

လှမ်းမျှော်လိုရှုလိုက်ရင်
ပျော်ရွှင်မှု
ဆိုင်းဘုတ်အောက်မှာ
မာနသာအသာချခဲ့ပါ
နှလုံးသားနှစ်ခု
ထာဝရပေါင်းစုနေမှာပါ

့ကောင်းကင့့်

Saturday, May 17, 2014

အိမ်ကိုလွမ်းတယ်

***အိမ်ကိုလွမ်းတယ်***

ခန်းနားမူတွေပြည့်လျံနေပေမဲ့
တောမြို့လေးကအမေ့အိမ်ကိုလွမ်းတယ်
ဆီပျံပျံဟင်းတွေပေါပေမဲ့
အမေချက်ကျွေးတဲ့ဟင်းကိုလွမ်းတယ်
ခေတ်မီတိုးတတ်လွန်းပေမဲ့
ခေတ်နောက်ကျတယ်ဆိုတဲ့
အမေရဲ့နည်းပညာတွေကိုလွမ်းတယ်
သွက်လက်တတ်ကြွစွာ
ကမ်းလှမ်းနေတဲ့လက်တွေများပေမဲ့
တုန်ရီစွာနဲ့အမြဲလက်ကမ်းနေတဲ့
အမေလက်လေးတွေကိုလွမ်းတယ်
ချစ်ခြင်းမေတ္တာတွေလက်ခံရှိပေမဲ့
အမြဲတမ်းခွင့်လွတ်ခြင်းတွေနဲ့
ချစ်နေတတ်တဲ့
မေမေ့မေတ္တာတရားတွေကိုလွမ်းတယ်
မေမေရယ်.....
သားအိမ်ကိုလွမ်းတယ်....

တမ်းတစိတ်​ (*နှင်းဆီနက်​*)

တမ်းတစိတ်

#ခတ်​စုတ်​စုတ်​ လမ်း
ခတ်​စုတ်​စုတ်​လက်​ဖက်​ရည်​ဆိုင်
ခတ်​စုတ်​စုတ်​ည​နေခင်း......
အားလုံး တစ်​ချိန်​ကလှပဖူးတယ်​..........
#ရင်​ထဲကရာသီပန်း​တွေ
တစ်​ချိန်​က လန်းလိုက်​ပုံများ
တစ်​​လောကလုံး
မွှေးမြဖူးရဲ့...........
#ချစ်​သူနှုတ်​ဖျားက
စကားသံ​တွေက
ကြည်​မြပါရဲ့
ဒါ​ပေမယ့်​..........
စကားလုံး​တွေက
ရာဇဝင်​ရိုင်း​အောင်
ခါးသက်​ခဲ့..........
#နာရီ​တွေကို​ပြောင်းပြန်​လှည့်​​ပေးပါ
အို........
တစ်​ချိန်​ကနှလုံးသားကင်းဘက်​​ပေါ်
စုတ်​ချက်​ကြမ်းကြမ်း
ခပ်​ရမ်းရမ်း ခပ်​ရိုင်းရိုင်း
ရေးဆွဲခဲ့တဲ့ရာဇဝင်​ကိုပြန်​လှည့်​ကြည့်​ရင်း
ရင်​ဘတ်​ထဲအထိမြင်​ရတယ်​..............
#ဘာကိုမျှဂရုဓမ္မမပြုတတ်​တဲ့နှလုံးသားက
ပိုင်​ဆိုင်​ခွင့်​မရတဲ့အချစ်​ကို​တောင်းတ
သမုဒယ​နှောင်​ကြိုး​တွေနဲ့
အလီလီရစ်​ပတ်​တာခံရ​ပေမယ့်
ဒီအဝန်းအဝိုင်းထဲကချစ်​သူကို
တမ်းတ​နေတုန်းတဲ့.....

(*နှင်းဆီနက်​*)

ည၏အရှင်​သခင်

ချစ်သူ
ညမှောင်မှောင်
လရောင်မသန်းချိန်
မဟူရာညအမှောင်ထဲ
ဂစ်တာအိုတစ်လက်နဲ့
အဖေါ်ညှိရင်း
တေးသီနေမိစဉ်
လေသာပြတင်းဝမှ
ညင်သာစွာပြုံးပြနေတဲ့
နင့်မျက်ဝန်းမှ
ကဗျာဆန်ဆန်
ကြည့်နေတဲ့
နင့်အလှဟာ
ငါ့နှလုံးသားကို
ညို့ယူဖမ်းစားခဲ့လေသလား
ငါနင့်ကိုသိပ်ချစ်မိသွားပြီ
ချစ်သူရယ်

Friday, May 16, 2014

ကောင်းကင် ဝေးကြရင်​ ချစ်​ချစ်

ကောင်းကင် ဝေးကြရင

ချစ်လျှက်ဝေးရသည့်အခါ
အသည်းမှာတဆစ်ဆစ်နာ
စိုးထိပ်မှုအပြည့်နဲ့
နှလုံးသားမှာ
မျက်ရည်ကြခဲ့တယ်
ဝေးသွားကြတော့လည်း
ရင်ထဲ့မှာတသသ
အလွမ်းတွေနဲ့
မျှော်လင့်ရင် သတိရ
ဆွေးနေရပြန်တယ်
ဒီအချိန် ဒီနေရာ
အလွမ်းရက်ရှည်များနဲ့
နင်အကြောင်း
မမေ့နိုင်ခဲ့ဘူးလေ.့

ချစ်ချစ်

Wednesday, May 14, 2014

ဝေး (ချစ်​သူ့​မောင်​)

ဝေး

အဆင်ပြေသွားမှာပါလို့
ကိုယ့်ကိုယ်ကိုအားပေးရင်း........
ဘဝကိုဆွဲထူလိုက်တယ်
ဒီနေရာမှာငါ့ဘ၀လဲကျသွားလို့ပါ.....
ထွက်ကျသွားတဲ့အမှတ်တရတွေနဲ့
သတိရစရာတွေကိုပြန်ကောက်ပြီး
ဘေးအိပ်ကပ်ထဲမှာစုထည့်လိုက်တယ်....
ရှေ့တည့်တည့်ကိုမျက်နှာမူပြီး
စကားတခွန်းကိုရေးရွတ်လိုက်မိတယ်....
ငါရှေ့ဆက်သွားမှဖြစ်မယ်
မနက်ဖြန်နဲ့အနာဂတ်ကငါ့ကိုစောင့်နေတယ်....
ကျလာတဲ့မျက်ရည်တွေကိုသုတ်​ရင်း
အနောက်ကိုလှည့်ကြည့်လိုက်မိ​သေးတယ်....
အဝေးကိုထွက်သွားနေတဲ့
အေးစက်စက်မင်းကျောပြင်ကို
ငါတွေ့နေရတယ်..........


ချစ်​သူ့​မောင်

လေတွေတိုက်တိုင်း

လေတွေတိုက်တိုင်း

ညကတဖြေးဖြေးအေးစက်လာသလိုပါပဲ.....
ငါ့နံဘေးမှာတော့အလွမ်းသက်သက်
မင်းရဲ့အရိပ်လေးတွေပေါ့.....
ခုချိန်မှာ ငါ့အတွက်အဖော်ကောင်းက
အမှောင်ထုတခုပဲရှိတော့တယ်....
လေးညှင်းလေးက အဝေးကနေပြေးပြီးငါ့ဆီဝင်လာတယ်
ငါ့အတွက်အဝေးတနေရာက
ရနံလေးတွေနဲ့အေးစက်စက်ခံစားချက်လေးတွေ
သယ်ဆောင်ပေးလာခဲ့တယ်....
နေပါဦး.....လေညှင်းကလေးရယ်
ဒီအတိုင်းတော့ပြန်ထွက်မသွားပါနဲ့
ငါ့ဆီကအလွမ်းလေးတွေကို
သူဆီရောက်အောင်
ပြန်သယ်ဆောင်ပေးသွားပါလား....
ငါဒီမှာတစ်​ယောက်တည်းလွမ်းနေလို့ပါ...
သူကိုတခုပဲပြောပေးပါ
ငါလေတွေတိုက်​တိုင်း
အရမ်းလွမ်းနေတယ်ဆိုတာကိုပေါ့.....

ချစ်​သူ့​မောင်