တမ်းတစိတ်
#ခတ်စုတ်စုတ် လမ်း
ခတ်စုတ်စုတ်လက်ဖက်ရည်ဆိုင်
ခတ်စုတ်စုတ်ညနေခင်း......
အားလုံး တစ်ချိန်ကလှပဖူးတယ်..........
#ရင်ထဲကရာသီပန်းတွေ
တစ်ချိန်က လန်းလိုက်ပုံများ
တစ်လောကလုံး
မွှေးမြဖူးရဲ့...........
#ချစ်သူနှုတ်ဖျားက
စကားသံတွေက
ကြည်မြပါရဲ့
ဒါပေမယ့်..........
စကားလုံးတွေက
ရာဇဝင်ရိုင်းအောင်
ခါးသက်ခဲ့..........
#နာရီတွေကိုပြောင်းပြန်လှည့်ပေးပါ
အို........
တစ်ချိန်ကနှလုံးသားကင်းဘက်ပေါ်
စုတ်ချက်ကြမ်းကြမ်း
ခပ်ရမ်းရမ်း ခပ်ရိုင်းရိုင်း
ရေးဆွဲခဲ့တဲ့ရာဇဝင်ကိုပြန်လှည့်ကြည့်ရင်း
ရင်ဘတ်ထဲအထိမြင်ရတယ်..............
#ဘာကိုမျှဂရုဓမ္မမပြုတတ်တဲ့နှလုံးသားက
ပိုင်ဆိုင်ခွင့်မရတဲ့အချစ်ကိုတောင်းတ
သမုဒယနှောင်ကြိုးတွေနဲ့
အလီလီရစ်ပတ်တာခံရပေမယ့်
ဒီအဝန်းအဝိုင်းထဲကချစ်သူကို
တမ်းတနေတုန်းတဲ့.....
(*နှင်းဆီနက်*)
No comments:
Post a Comment