Wednesday, May 14, 2014

ဝေး (ချစ်​သူ့​မောင်​)

ဝေး

အဆင်ပြေသွားမှာပါလို့
ကိုယ့်ကိုယ်ကိုအားပေးရင်း........
ဘဝကိုဆွဲထူလိုက်တယ်
ဒီနေရာမှာငါ့ဘ၀လဲကျသွားလို့ပါ.....
ထွက်ကျသွားတဲ့အမှတ်တရတွေနဲ့
သတိရစရာတွေကိုပြန်ကောက်ပြီး
ဘေးအိပ်ကပ်ထဲမှာစုထည့်လိုက်တယ်....
ရှေ့တည့်တည့်ကိုမျက်နှာမူပြီး
စကားတခွန်းကိုရေးရွတ်လိုက်မိတယ်....
ငါရှေ့ဆက်သွားမှဖြစ်မယ်
မနက်ဖြန်နဲ့အနာဂတ်ကငါ့ကိုစောင့်နေတယ်....
ကျလာတဲ့မျက်ရည်တွေကိုသုတ်​ရင်း
အနောက်ကိုလှည့်ကြည့်လိုက်မိ​သေးတယ်....
အဝေးကိုထွက်သွားနေတဲ့
အေးစက်စက်မင်းကျောပြင်ကို
ငါတွေ့နေရတယ်..........


ချစ်​သူ့​မောင်

No comments:

Post a Comment