Wednesday, May 14, 2014

လေတွေတိုက်တိုင်း

လေတွေတိုက်တိုင်း

ညကတဖြေးဖြေးအေးစက်လာသလိုပါပဲ.....
ငါ့နံဘေးမှာတော့အလွမ်းသက်သက်
မင်းရဲ့အရိပ်လေးတွေပေါ့.....
ခုချိန်မှာ ငါ့အတွက်အဖော်ကောင်းက
အမှောင်ထုတခုပဲရှိတော့တယ်....
လေးညှင်းလေးက အဝေးကနေပြေးပြီးငါ့ဆီဝင်လာတယ်
ငါ့အတွက်အဝေးတနေရာက
ရနံလေးတွေနဲ့အေးစက်စက်ခံစားချက်လေးတွေ
သယ်ဆောင်ပေးလာခဲ့တယ်....
နေပါဦး.....လေညှင်းကလေးရယ်
ဒီအတိုင်းတော့ပြန်ထွက်မသွားပါနဲ့
ငါ့ဆီကအလွမ်းလေးတွေကို
သူဆီရောက်အောင်
ပြန်သယ်ဆောင်ပေးသွားပါလား....
ငါဒီမှာတစ်​ယောက်တည်းလွမ်းနေလို့ပါ...
သူကိုတခုပဲပြောပေးပါ
ငါလေတွေတိုက်​တိုင်း
အရမ်းလွမ်းနေတယ်ဆိုတာကိုပေါ့.....

ချစ်​သူ့​မောင်

No comments:

Post a Comment