တရှိုက်မတ်မတ်ဝါးမျိုရင်း
အချိန်ရထားကြီးနောက်မှာဆိုးနင့်
တစ်ပိုးထမ်းလာခဲသမျှ
မှားသယ်မိတဲ့ အလွမ်းလို
ပစ်ချလို့ကွဲကြေမဲ့နှလုံးသားကို
သနားတယ် ချစ်သူ
အနည်းအများထပ်ထိရှရင်
ဒီတစ်ခါနှလုံးသားဒဏ်ရာအပိုင်း
အစများကြားအဆုံးသတ်
သွားလေမလား ချစ်သူ
တဒင်္ဂဆိုပေမယ့်
တခဏတော့
ပျော်ရွှင်ခဲ့ရတယ်
အလွမ်းတွေစည်း
တစ်ဘက်ခြားရင်
ခွဲနေရတဲ့အဖြစ်ပာာ
မာယာချိုဝိုင်များစွာနဲ့
ပြင်းရှရှလွမ်းနေရတဲ့ဘဝ
မပီပြင်တဲ့ပုံရိပ်ကိုစွဲလန်းမှု
ကာရံစုတွေနဲ့
အမှတ်တရဖြစ်စရာ
နိုးတစ်ဝက် အိပ်မက်ပမာ
ယခုတိုင် မမေ့နိုင်ဘူးပေါ့...
ချစ်သူ
ကောင်းကင်
No comments:
Post a Comment