Saturday, December 27, 2014

မာယာမျက်လှည့် 💖 ချစ်လွမ်းရတီစိုးထိုက်

မာယာမျက်လှည့် 💖 ချစ်လွမ်းရတီစိုးထိုက်

သမုဒယနန်းရင်ပြင်မှာ
အလှအပ ပန်းတွေကို
တယုတယ နမ်းစေမယ်ဆိုပြီး
လှည့်စားရက်တဲ့
မာယာသခင်ရယ်
ခုတော့ ကိုယ့်ဘဝမှာ
နှလုံးသားမျက်ရည်
ကျရပြီပေါ့ကွယ်

# အမုန်းမပွါးစေဖို့ ဆိုပြီး
ချိုမြတဲ့မေတ္တာအသံတွေနဲ့ 
မာယာနှုတ်ခမ်းမှ ထွက်စကားကို
ကိုယ်ယုံမှားမိလေတော့
မာယာဆူးချုံ ကြားမှ
ကိုယ်ဘယ်လိုအပေါက်ရှာပြီး
ရုံးထွက်လို့  ရပါ့မလဲကွယ်•••

#နှလုံးသားမှာ နွေးစေဖို့ 
အပြုံးတရားလေးတွေနဲ့ ဖန်ဆင်းပြပြီး
ကိုယ့်ဘဝအညွန့် တုန်းစေဖို့ 
မာယာဘိန်းဖြူ တွေနဲ့ 
ယစ်မူးသွားစေခဲ့တဲ့
ဘုံနန်းထက်က မာယာသခင်ရယ်
ဒီဘဝ ဒီမျှနဲ့ သာ
ကျေနပ်ပါတော့လားကွယ် •••

No comments:

Post a Comment