Wednesday, December 24, 2014

တိမ်ပန်းချီသို့....အညတရမောင်

တိမ်ပန်းချီသို့....

တိမ်ပန်းချီ လကွေးပေါ်မှာ
ရေးခြယ်သတဲ့ချစ်ခြင်းက
အမှောင်ရောက်လို့ကွယ်ပျောက်သွားတဲ့
ညခင်းတစ်ခုရဲ့...
လွမ်းဆွတ်သတိရခြင်းအတွက်လား။

တိမ်ပန်းချီခေါင်းထဲက
ထုတ်စရာမလိုအောင်ရှိနေတဲ့
မင်းအကြောင်းတွေ
နှလုံးသားထဲမှာချစ်ခြင်းဖွဲ့လို့
ငါဘယ်လိုမေ့လို့ရနိင်မှာလဲ။

ခွင့်လွတ်ပါသိပ်ချစ်ခဲ့တယ်
်တိမ်ပန်းချီတမ်းတခြင်းတွေနဲ့
မင်းပေးသွားတဲ့နေ့ရက်တွေ
မှာအိမ်မက်ကခါးလို့
ငါကိုယ်ငါ တောင်မှာအခုတော့
နှစ်သိမ့်လို့မတတ်တော့ဘူး။

No comments:

Post a Comment