Wednesday, December 24, 2014

လေပြေ ✏ နွေဦး

လေပြေ

ညင်သာသွဲ့ပျောင်း
နုညံ့သိမ်မွေ့
သာယာစွာတိုးဝှေ့လာတဲ့
အကြင်နာလေပြေ။
ဆောင်းမနက်မှာမိုးရွာသလို
ရင်ထဲကိုအေးမြမှုအပေါင်း
သွန်းလောင်းတဲ့လေပြေ။
ရင်ထဲသို့လေပြေ
ဝင်ရောက်ချိန်ကစလို့
မြက်ဖျားပေါ်ကနှင်း
အရုဏ်လင်းရောင်နီ
ကောင်းကင်ပြာပြာတွေက
ကဗျာဖြစ်ခဲ့တယ်လေပြေ။
အရာအားလုံး
ပျိုမြစ်ခြင်းတွေနဲ့
လက်ဆက်တောက်ပလို့
လှနေလိုက်တာလေပြေရယ်....။

နွေဦး

No comments:

Post a Comment