"သတိ စဉ်းစားစရာ"
@ ပျိုရွယ်စဉ်ခါက ပွင့်လန်း
အချစ်ဆိုသည့်ပန်းကို
လက်လှမ်းလို့ မမီ
ထင်မိသည်ကြောင့်
လျစ်လျူရှုခြင်း
ဥပေက္ခာစာရင်းသွင်းခဲ့မိပါသည် . . . ။
@ အချိန်တန်အရွယ်ရောက်
လူလားမြှောက်လာသောအခါ
ဥပေက္ခာ၏ သဘာဝ
နားလည်စပြုလာသောအခါ
ငယ်စဉ်ခါကစဉ်းစား
ဥပေက္ခာသဘောတရားတို့သည်
လွဲမှားခဲ့သောအမြင်တို့သာဖြစ်ခဲ့ပါ၏. . . ။
@ တကယ်တမ်းတော့
အချစ်ပန်းဆိုတာ
လူငယ်တို့ရဲ့ သဘာဝ
လူငယ်တို့ရဲ့ ဘဝ
လျစ်လျူရှုရမည့်အရာ မဟုတ်ပါဘဲ
ရင်ထဲစွဲအောင်
အမြဲနှောင်ဖွဲ့တတ်သည့်
သံယောဇဉ်ကြိုးရှည်ဇာတ်၏
ရစ်ပတ်မှုတစ်ခုသာဖြစ်ပါသည် . . . ။
@ သံယောဇဉ်ကြိုး ရစ်ပတ်စု၍
ချစ်တတ်မှုတို့ ဖြစ်တည်လာရာ
သာယာစွာဖြင့်လက်ခံ
ချစ်သူသက်ထားထံသို့
ရင်ဖွင့်ပြောကြားဖို့သာလိုပါသည် . . .။
@ ဤသည်မှာ
ရှက်စရာ မဟုတ်
စက်ဆုတ်ဖွယ် မထင်
တကယ်ပင်
လူ့ဘဝ
လူ့လောက
လူ့သမိုင်း
လူ့နိုင်ငံတိုင်း
လူ့ခေတ်တိုင်းတွင် ရှိကြပါသည်
ကမ္ဘာတည်သရွေ့လည်း
ရှိနေလိမ့်ဦးမည် . . . ။
@ ကမ္ဘာတည်ခြင်း
ကမ္ဘာမှုပြုခြင်းတို့၏
အရင်းအမြစ်မူလ
ချစ်ခြင်းနဲ့ပင်စရသောကြောင့်
လူငယ့်ဘဝ
ချစ်ခြင်းနဲ့ ထုံမွှမ်းခဲ့ပါမှ
လူကြီးဘဝ
လူပီသမည်ဟု
မှတ်ထင်ယုံကြည်ရင်း
ချစ်ခြင်းဖွဲ့အလင်္ကာကို
ဥပေက္ခာမပြုသင့်ပါကြောင်း . . . . . ။
ထွန်းနောင်( ဖောင်းပြင် )
@ ပျိုရွယ်စဉ်ခါက ပွင့်လန်း
အချစ်ဆိုသည့်ပန်းကို
လက်လှမ်းလို့ မမီ
ထင်မိသည်ကြောင့်
လျစ်လျူရှုခြင်း
ဥပေက္ခာစာရင်းသွင်းခဲ့မိပါသည် . . . ။
@ အချိန်တန်အရွယ်ရောက်
လူလားမြှောက်လာသောအခါ
ဥပေက္ခာ၏ သဘာဝ
နားလည်စပြုလာသောအခါ
ငယ်စဉ်ခါကစဉ်းစား
ဥပေက္ခာသဘောတရားတို့သည်
လွဲမှားခဲ့သောအမြင်တို့သာဖြစ်ခဲ့ပါ၏. . . ။
@ တကယ်တမ်းတော့
အချစ်ပန်းဆိုတာ
လူငယ်တို့ရဲ့ သဘာဝ
လူငယ်တို့ရဲ့ ဘဝ
လျစ်လျူရှုရမည့်အရာ မဟုတ်ပါဘဲ
ရင်ထဲစွဲအောင်
အမြဲနှောင်ဖွဲ့တတ်သည့်
သံယောဇဉ်ကြိုးရှည်ဇာတ်၏
ရစ်ပတ်မှုတစ်ခုသာဖြစ်ပါသည် . . . ။
@ သံယောဇဉ်ကြိုး ရစ်ပတ်စု၍
ချစ်တတ်မှုတို့ ဖြစ်တည်လာရာ
သာယာစွာဖြင့်လက်ခံ
ချစ်သူသက်ထားထံသို့
ရင်ဖွင့်ပြောကြားဖို့သာလိုပါသည် . . .။
@ ဤသည်မှာ
ရှက်စရာ မဟုတ်
စက်ဆုတ်ဖွယ် မထင်
တကယ်ပင်
လူ့ဘဝ
လူ့လောက
လူ့သမိုင်း
လူ့နိုင်ငံတိုင်း
လူ့ခေတ်တိုင်းတွင် ရှိကြပါသည်
ကမ္ဘာတည်သရွေ့လည်း
ရှိနေလိမ့်ဦးမည် . . . ။
@ ကမ္ဘာတည်ခြင်း
ကမ္ဘာမှုပြုခြင်းတို့၏
အရင်းအမြစ်မူလ
ချစ်ခြင်းနဲ့ပင်စရသောကြောင့်
လူငယ့်ဘဝ
ချစ်ခြင်းနဲ့ ထုံမွှမ်းခဲ့ပါမှ
လူကြီးဘဝ
လူပီသမည်ဟု
မှတ်ထင်ယုံကြည်ရင်း
ချစ်ခြင်းဖွဲ့အလင်္ကာကို
ဥပေက္ခာမပြုသင့်ပါကြောင်း . . . . . ။
ထွန်းနောင်( ဖောင်းပြင် )
No comments:
Post a Comment