Wednesday, December 24, 2014

အလွမ်းဒီဇင်​ဘာ ✏ အလင်းသစ်

အလွမ်းဒီဇင်​ဘာ

ချစ်​သူ
နာရီ​တွေ အပတ်​​ပေါင်းများစွာ
လည်​ပတ်​​ ​ကျော်​လွန်​သွားလို့
D ဇင်​ဘာကို
တစ်​ခါပြန်​လည်​​ရောက်​ရှိလို့
လာခဲ့ပြန်​ပြီ
အတိတ်​ရဲ့D ဇင်​ဘာမှာ
အချစ်​​နှင်း​မှုန်​တွေ ဝေစီ​နေခဲ့​ပေမယ့်
ပစ္စုပ္ပန်​ Dဇင်​ဘာမှာ​တော့
အလွမ်း​တွေ ​နေ​ပြောက်​ထိုး​နေခဲ့ပြီ
မင်းမရှိ မင်းမသိတဲ့ ​နေ့ရက်​များစွာကို
ငါတစ်​​ယောက်​တည်း အလွမ်း​တွေနှင့်
ဖြတ်​သန်းရင်း ပြက္ခဒိန်​​တောင်
အသစ်​​ပြောင်း​တော့မယ်
ဒါ​ပေမယ့်​.....
မ​ပြောင်းလဲ​နိုင်​​သေးတာက
ငါ့ရင်​ထဲက​ဟောင်​နွမ်း​ပေမယ့်
လတ်​ဆတ်​နေ​သေးတဲ့
နင့်​အ​ပေါ်ထားတဲ့ ခံစားမှု​တွေပါ ...။


အလင်းသစ်​ ŷ´
ရွှေနန်း​မြေ ...။

No comments:

Post a Comment