Wednesday, December 24, 2014

အသဲခွဲ တက္ကသိုလ် ✏ နွေလွင့်ကြယ်

'အသဲခွဲ တက္ကသိုလ်'

*အတတ်ပိုမာယာတွေနဲ့
အချက်ဆိုတာမပြပဲ
အသက်နုတ်ယူပြေးမှာလား?
တက္ကသိုလ်ကျောင်းသူလေးရယ်...

*အသဲခွဲတဲ့ပညာတွေကို
စွဲမြဲစွာနင်တတ်ထားတယ်လို့
ထင်မှတ်မထားခဲ့တော့
ရင်ဘက်တံခါးကိုအသာဖွင့်
ချစ်ခွင့်ရဖို့ကြေညာမိခဲ့တယ်...

*အခုတော့
ဝေဒနာရိုင်းတွေကပုတ်ခတ်
ရင်တွေစုပ်ပျက်မတတ်ကြေကွဲ
နေ့စွဲတွေမလှတော့ပေမယ့်
ခဏခဏတော့သတိရနေမိတယ်...

*ကျေနပ်ပါတယ်ချစ်သူ
ချေဖြတ်မရနိုင်တဲ့သံယောဇဉ်တွေကို
မင်း ခြွေဖျက်ခဲ့ပေမယ့်
နွေရက်လိုပူလောင်နေတဲ့
တစ်ဖက်သားလူရဲ့အသဲက
ပြတ်သားတဲ့အဖြေတစ်ခုကို
မျော်နေဆဲဆိုတာ....

နွေလွင့်ကြယ်(မှော်ဝန်း)

No comments:

Post a Comment