Sunday, July 13, 2014

ထိုင်သူမဲ့ခုံကလေး(နွေဦးကို)

ထိုင်သူမဲ့ခုံကလေး(နွေဦးကို)

မလှမ်းတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့
ခြေလှမ်းတွေက
အချိန်တန်တော့လှမ်းဖြစ်သွားတယ်
မရေရာတဲ့ဆုံးဖြတ်ချက်တွေကို
အခါခါချမိရင်း
ကိုယ့်ကိုယ်ကိုဒဏ်ခတ်မိတယ်
သေချာပါတယ်
ဒီနှောင်ကြိုးတွေထဲက
ငါရုန်းမထွက်နိုင်သေးတာ
အစိုးမရတဲ့ အနတ္တသဘောကို
နားလည်ထားပေမဲ့
ပြင်းထန်စွဲလမ်းတတ်တဲ့
စိတ်ခံစားချက်တွေက
ငါ့ကိုရှုံးနိမ်စေခဲ့တယ်
ဟိုတုန်းကပြုံးခဲ့တဲ့အပြုံးတွေ
ကြည့်ခဲ့တဲ့အကြည့်တွေလဲ
မလတ်ဆတ်မတောက်ပတော့
အရာရာဟာခြောက်သွေ့လွန်းတယ်
ခုတော့.....
ထိုင်သူမဲ့နေတဲ့ခုံကလေးမှာ
ငါတစ်ယောက်ထဲရယ်ပါ။

နွေဦးကို

အတုအယောင် (အညတရမောင်)

ထိလွယ်ရှလွယ် ကွဲအက်ကြေမွလွယ်တဲ့
လူအသိုင်းဝိုင်းတစ်ခုလုံးကို ခြောက်လန့်ရင်းနဲ့
လမ်းဘေးမှာ....ဒုက္ခသည်စခန်းမှာ.....
ပဋိပက္ခကြားမှာ.....
ဒုက္ခမီးစတွေကလောင်ကျွမ်းကျေမ
ွပြာစတွေတောင်ဖြစ်လို့.....
တကယ်တော့ မြစ်ကမ်းပါးနံဘေးက
တိုက်စားခြင်းခံရတဲ့ အိမ်တွေလိုလေ။
စစ်တလင်းဖြစ်ခဲ့တဲ့ ပစ်ကွင်းထဲက
ဘဝအကျိုးအမြတ်က
မျက်ကန်းမျိုးစေ့တွေချပျိုးလို့
အပြစ်မဲ့သူတွေရဲ့သွေးတွေလဲရဲခဲ့ရတော့
ကိုယ်ခရီး ကိုယ်သွား ကိုယ်ဝမ်းကိုဖြည့်ဖို့တောင်
အကန့်အသတ်ခံ အသိမ်းဆည်းခံ
နေရာမှန်ကပျောက်လို့။
ရာစုနှစ်ရဲ့အနာဂတ်တွေ တစ်ခုပြီးတစ်ခု
ငါတို့ နင်တို့ ထပ်ပြီးအရောင်းစားခံ
အတုအရောင်ဒီမိုကရေစီအောက်မှာ
အမေ့ခံအနှိင်ခံ အစဉ်အလာက
ဒီအတိုင်းလုပ်ပိုင်ခွင့် ရပိုင်ခွင့်တွေ
သန်းခြောက်ဆယ်ဆိုတာ
စနစ်တစ်ခုဖြစ်ထွန်းဖို့
အထိုးကျွေးခံသက်သက် အသက်ဆက်ခဲ့ရပေါ့။

ပြည်မြန်မာလို့ကြွေးကြော်
မရဲအောင်လူတစ်စုလက်ထဲက
နင်းပြားခံဘ၀တွေ အမြတ်ကြီးစားခံလို့
လွတ်လပ်ခွင့်က သူတို့အိတ်ကပ်ထဲက
သွင်းလွယ် ထုတ်လွယ်အလုံးစုံ
အာဏာတည်လို့
ကာဘာယူဖို့သံတူကြောင်းကွဲ
ဒီမူထဲကဒီလူ ဒီပုတ်ထဲကဒီပဲ ဘာများကွဲလို့လဲ။

(အညတရမောင်)

Saturday, July 12, 2014

မခွဲအတူ (သက်ပိုင်)

မခွဲအတူ

နှစ်လွှာပေါင်းယှက် စွယ်တော်ရွက်လို....
လမင်းနံဘေး ကြယ်စင်လေးလို....
ရေပြင်ပေါ်တင့် ရွှေကြာပွင့်လို....
သခင့်အဖော် ဝင့်မော်ပျော်ပါး
နှလုံးသားနဲ့....တွဲထားမယ်နော်
ဘယ်ကိုခေါ်မလဲ?
သွားကြမယ်လေ...
ဘယ်ကိုစေမလဲ?
နွေထဲဖြစ်ဖြစ် မိုးဖြစ်ဖြစ်ပေါ့
ဆောင်းသစ်မနက်ဖြန်
တစ်သက်ပန်ရည်စူး
အချစ်ဦးလေး ရင်ခွင်နွေးကြောင့်
အိပ်မက်လေးတွေ ပိုလှတယ်။

သက်ပိုင်

အချစ် (warwar)

''အချစ်''

အချစ်ဆိုတာ
ဘာသာမပြန်တတ်ခဲ့ပေမယ့်
နားလည်မှုလွဲခဲ့တဲ့ နင့်ကြောင့်
ငါ့ဆုံးရုံးမှုတွေက အတိုင်းထက်အလွန်ဖြစ်ခဲ့တယ်နော်
ဝေဒနာဆိုတာ
ကိုယ်ကိုယ်တိုင်ကိုပျိုးခဲ့တာမို့
နွမ်းသွားခဲ့ရင်တောင်
အဖိုးတန်နေတတ်တယ်
ပြန်လာခွင့်မရှိတဲ့ ဒီလမ်း
နင်နောက်တစ်ခါတော့
ပြန်လှည့်မလာနဲ့နော်
ငါ့နှလုံးသားက
မင်းအတွက်ဆို
မကြိုဆိုတတ်တော့ဘူး

war war

Thursday, July 10, 2014

ချစ်ခြင်းရဲ့ရလဒ် (war war)

ချစ်ခြင်းရဲ့ရလဒ်

အရှုံးမှန်းသိရက် ဇွတ်ချစ်ခဲ့မိတဲ့
ငါ့ကိုယ်ငါအံ့သြတယ်
မှားမှန်းသိရက်နဲ့လည်း
မိုက်ခဲ့မိတာအခါခါပေါ့
နာကျင်မှန်းသိရက်နဲ့လည်း
ပေးဆပ်ခဲ့မိပြန်တယ်
အချစ်ရေ....
ခါးမှန်းသိရက်သောက်ခဲ့မိတဲ့
အလွမ်းတွေအတွက်
ဖြေဆေးဆိုတာ
ငါဘယ်သောအခါမှ
မလိုအပ်လောက်တော့ဘူး
ချစ်သူရယ် . . . . .

war war

ကောင်းကင်

နှလုံးသားကိုဆေးခြယ်သလို့
ကာလာကွဲတွေရဲ့ကြား
ကျွန်တော်ကိုပစ်ပယ်မသွားပါနဲ့
ဖျက်မရတဲ့အမာရွတ်တွေနဲ့
အလွမ်းရဲ့သစ်ပင်များအကြားမှာ
ဆွေးမြေ့သွားမဲ့နှလုံးသားကို
သနားပါ ပာာ....
မျက်ဝန်းတစ်စုံရဲ့
လေးနက်မှုတွေပျံကြဲသွားတဲ့
သတိရစိတ်တွေနဲ့ မျှော်လင့်မိတဲ့
မနက်ခင်းတစ်ခုပါကွာ...
အချိန်ရဲ့ နှိပ်စက်မှု
နာကျင်စရာအချိုနဲ့
နှလုံးသား ၀မ်းစာမပြည့်
ကျွန်တော်
လွဲမှားတဲ့နိဒါန်းတွေကိုခါးသီးမိတာ
ငါ့အတ္တ ကမ္ဘာပတ်မိသလို
မှားခဲ့လို့လား ချစ်သူရယ်....

ခြေစုံရပ်မဲ့
ကမ္ဘာတစ်ခုမှာမိုးသားတစ်ခ
ုဖြစ်ချင်မိတာပါ ပာာ....
စိုးမိုးသူ တစ်ယောက်လို့တော့
စွဲချက်မတင်လိုက်ပါနဲ့
ပာား....ငါကမ္ဘာ
ပြိုပျက်သွားမှာစိုးလို့ပါ

ကောင်းကင်

လက်တစ်စုံ (ကောင်းကင်)

လက်တစ်စုံ

အကြည့်တစ်ချက်ကြောင့်ပဲ
လှိုက်ဖိုလာတဲ့ရင်အစုံလည်း
အလွမ်းရဲ့ဝေဒနာထဲမှာစီးမျော
ရှောင်ဖယ်လာတဲ့ မျက်ဝန်းရှင်ရယ်
သေမတတ်ခံစားရတာ
အပိုမပာုတ်ဘူးလေးးးး
ရှုးသွပ်မှုတွေနဲ့လှမ်းမျှော်
ကွဲရှလာတဲ့နှလုံးသားတစ်စုံလည်း
ကမ်းမမြင်တဲ့သမုဒ္ဒရာအလယ်မှာ
လွဲမှားများနဲ့ ကူးခတ်
ကြွေကွဲရမဲ့အဆုံးသတ်ကိုလည်း
ထွေးပိုက်ခဲ့ပြီးသားပါ
ရင်ထဲဝင်လာလှည့်ပါချစ်သူရယ်....
ကြင်နာမှုတွေကိုတောင့်တ
ဖေးမမဲ့ လက်တစ်စုံနဲ့
ချစ်သူကို လိုအပ်နေတာ
သိနားလည်စေချင်လိုပါကွာ...

ကောင်းကင်
ရဲ့
လက်တစ်စုံ

သူသိပါစေ....(war war)

''သူသိပါစေ''

အပေါစားတဲ့လား
ဘယ်အရာနဲ့များ မင်းတိုင်းတာခဲ့တာလဲ
သြော် သိပြီ....
မင်း,ကကြိုးတွေနဲ့ ငါမကိုက်ညီခဲ့လို့လား
sorry အချစ်ရေ
ဆယ့်နှစ်ကြိုးကဝေအကတွေနဲ့
ငါမရင်းနှီသေးဘူး
ငါသိခဲ့တာချိုမြိုင်မြိုင်အဆင့်သာသာပဲ
ငါရိုးသားမှုကိုမလိုအပ်တဲ့မင်း
သွားလိုရာသွား....
ထားခဲ့လိုက်တော့ချစ်သူ
ငါတော့မလွမ်းလောက်တော့ဘူး
ချစ်သူရေ. . . . .

war war

Wednesday, July 9, 2014

ကောင်မလေး (ကောင်းကင်)

ကောင်မလေး

ငေးမျှော်မိသူတစ်ယောက်အတွက်
ကြင်နာမှုတို့ပျောက်ရှတဲ့အခါ
ဘ၀ ကလေးလွန်းလှပါတယ်
ကောင်မလေးရယ်....
ပပောဠိဆန်တဲ့မျက်ဝန်းများနဲ့
ရင်ခုန်သံတစ်ချို့ကို
ရသပေါင်းစုံ ဖန်ဆင်းပေးတယ်ပာာ
ကာရံတွေလွဲမှားခဲရင်တောင်
လွမ်းမောကျခဲ့ရတဲ့ နှလုံးသားအတွက်
ကောင်မလေးရယ်....အရမ်းချစ်တယ်ဆိုတာ.... ယုံလား

ကောင်းကင်
ရဲ့
ကောင်မလေး

နေ့ နဲ့ ည. (ကောင်းကင်)

နေ့ နဲ့ ည

ခြောက်လှန့်ခံနေရတဲ့
သွေးပျက် ညတွေများလှပြီ ချစ်သူရယ်

စိမ်းလန်းမူ ဒီဧက၁၅၀၀ ထဲက
ကိုယ်အလူးအလဲခံစားနေရပေါ့
ချစ်သူရယ်

အိပ်ရေးပျက်ညတွေကို
ပွေ့ဖက်ထားတဲ့ ကဗျာတစ်ပုဒ်ပာာ
နေ့ ရက်တွေအကြာကြီး မြုံနေခဲ့ရပြီပေါ့
ချစ်သူ....
ဒါတွေပာာ ချစ်သူရဲ့စိတ်နဲ့
ကိုယ်ဘ၀မှာ နေ့ နဲ ည ဖြစ်ခဲ့ပြီ
ချစ်သူရေ

ကောင်းကင်

ည (ကောင်းကင်)



ဆည်းဆာအတိမ်းမှာ မှေးစက်
မနက်ဖြန်ရဲ့.....
နာကျင်စရာအမောတွေရပ်တန့်ဖို့
ကြိုမတွေးတတ်တဲ့ ငါအတွက်
မနွေးထွေးတဲ့ ရင်ခွင်တွေ
ဝေဒနာအလွမ်းတွေနဲ့
အသည်ကြွေမတတ်ခံစားရင်း
ကြွေရွက်တွေအလား
ဒီရင်ခွင်မှာနွမ်းပါခဲ့တဲ့ ညတစ်ညပေါ့
ချစ်သူရယ်...

ကောင်းကင်
ရဲ့

Tuesday, July 8, 2014

''ဝေဒနာ'' (war war)

''ဝေဒနာ''

ဝေဒနာတွေ ဒီရင်မှာတော့
နှစ်ဆတိုး သူပျော်စေဖို့သာ
ပျော်တော်ဆက်ခဲ့

ကျေနပ်တယ်နော်
ပေးဆပ်သမျှ ပြန်မရလည်း
ငါ့အချစ်တန်ဖိုးမမဲ့ခဲ့ဘူး
ချစ်သူ
မင်းနားလည်စေဖို့အတွက်နော်

war war

''အလွမ်း" (war war)

''အလွမ်း"

ချစ်ခဲ့ခြင်းကိုတောင်မစာနာ
ရက်စက်သူမို့ အပြစ်မဆိုသာ
အရာရာငါ့အပြစ်ပါလို့
မင်းထင်လိုက်ပေါ့
ထားသွားပါ ရပါတယ်
အသဲကွဲခြင်းဝေဒနာဆိုတာ
မင်းအတွက်မထူးဆန်းပေမယ့်
ငါ့ရင်မှာတော့ ဝေဒနာပေါ့
ဝေးသွားရင်တောင် လွမ်းခွင့်မရှိ
ဒီရင်ခွင်ကိုမှ ကြတ်ခြေခတ်ရက်တယ်
မုန်းမရတော့လည်းခက်တယ်
အချစ်ရေ . . . .

war war

အိပ်မက် (ကောင်းကင်)

အိပ်မက်

တဒင်္ဂဆိုပေမယ့်
တခဏတော့
ပျော်ရွှင်ခဲ့ရတယ်
အလွမ်းတွေ စည်းတစ်ဘက်ခြားရင်း တေ့ဆက်ဆက် မရတဲ့အဖြစ်တွေနဲ့
ကျောခိုင်းနေခဲ့ရတယ်

ဝေမနေချင်ပေမယ့် ခွဲနေရတဲ့အဖြစ်
ကဝေပျို နှုတ်ဖျားမှာ
မာယာချိုဝိုင်များစွာနဲ့
ပြင်းရှရှ လွမ်းနေရတဲ ဘဝ
မပီပြင်တဲ့ဒီပုံရိပ်ကို
စွဲလန်းမှု ကာရံစုတွေနဲ့
အမှတ်တရဖြစ်စရာ
နိုးတစ်ဝက် အိပ်မက်ပမာ
ယခုတိုင်မမေ့နိုင်ဘူး
ချစ်သူရေ....

ကောင်းကင် ရဲ့
အိပ်မက်

ဆုတောင်း (war war)

အကောင်းစားတွေကိုမှ
မက်မောပါသတဲ့ဆိုတဲ့ မင်း
ဘဝမှာပျော်စရာတွေနဲ့သာ
ဆုံစည်းနိုင်ပါစေ...
ဒါပေမယ့်ပေါ့လေ
သတိတော့ထားနော်
အကောင်းစားတွေရဲ့
နောက်ကွယ်မှာ....
ပြုစားမှုတွေပါတတ်တယ်ချစ်သူ
မင်းမြင်တတ်အောင်သာ
ကြည့်နိုင်ပါစေနော်
ဆုတောင်းပေးမယ် ok
war war

''မစာနာတတ်သူသို့'' (warwar)

''မစာနာတတ်သူသို့''

သိပ်ချစ်ခဲ့လား မေးတော့
ချစ်ခဲ့တာပေါ့ အခါခါနော်
သိပ်လွမ်းခဲ့သလားမေးတော့
လွမ်းခဲ့တာပေါ့ အခါခါနော်
ပေးဆပ်ဖူးလားမေးတော့
ပေးဆပ်ခဲ့မိတာပေါ့
အခါခါနော်
ပိုင်ဆိုင်ခဲ့ဖူးလားမေးတော့
ဒါတော့ဖြေစရာ အဖြေမရှိ
ဘာ့ကြောင့်လဲဆိုတော့
ငါ စချစ်ခဲ့ကတည်းက
ပိုင်ဆိုင်လိုမှု တစ်ခုတည်း
အတွက်မဟုတ်ခဲ့လို့ပါနော်
ပျော်မယ်ဆိုရှေ့ဆက်သွားပါ
မင်းအတွက်ဆို ငါထာဝရ
ပေးဆပ်မိပြီးသားဖြစ်လို့ပါ
ချစ်သူရေ . . . . . . .

war war

Monday, July 7, 2014

''ချစ်မိသူ'' (war war)

''ချစ်မိသူ''

အလွမ်းတွေကို
စမ်းရေထဲမှာတော့
ငါမမျှောပါရစေနဲ့
ချစ်သူစာနာတတ်ရင်
လည်ပြန်ကြည့်ပေးပါနော်
ငါ့အလွမ်းတွေကို
အလဟသအဖြစ်မခံနိုင်လို့ပါ
ချစ်ခဲ့မိသမျှကိုသာ
အပြစ်လို့လူတကာက
ဆိုချင်ဆိုပါစေ
မင်းသာ ငါ့အနားရှိရင်
ဘာမဆိုရင်ဆိုင်နိုင်တယ်
ပြဿနာဆိုတာ
ပမွှားလေးပါချစ်သူရာ

war war

မြင်အောင်ကြည့်ပါ (war war)

ချစ်ခဲ့မိသမျှကိုသာ စာဆိုလို့ပြောရမယ်ဆို
စာရွက်တွေသာကုန်သွားမယ်နော်
စာဖွဲ့လို့ကုန်နိုင်မယ်မထင်
ရင်မှာချစ်သမျှ အကုန်သာချပြရင်
ငါ့အချစ်တွေ တန်ဖိုးမဲ့ကုန်မှာပေါ့
ချစ်သူ မင်းမြင်နိုင်အောင်
ငါ့နှလုံးသားတံခါး ဖွင့်ပေးထားတယ်
မြင်အောင်သာ ကြည့်လှည့်ပါတော့ကွယ်

war war

''အဝေးရောက် ချစ်သူ'' (war war)

''အဝေးရောက် ချစ်သူ''

သတိရမိပါတယ်
အရင်လို အချိန်တွေကိုပေါ့....
လွမ်းမိပါတယ်
အတူရှိခဲ့ချိန်ကိုပေါ့....
တမ်းတမိပါတယ်
အတူစားဖူးတဲ့ဆိုင်တွေကိုပေါ့....
သတိရ,လွမ်းဆွတ်,တမ်းတ နေတတ်ခဲ့ပေမယ့်
ဝေးနေတဲ့ မင်းတစ်ယောက်ကတော့
မေ့နေတတ်ခဲ့တယ်
အကြိမ်ကြိမ် အခါခါ...
ငါနားလည်ပေးခဲ့ပါတယ်
ချစ်သူရယ်....
နးလည်ပေးခဲ့မှုတွေ နယ်ကျွံခဲ့မိလို့ပဲလားမသိ
မင်းကတော့ အဆုံးစွန်းထိ ရက်စက်သွားရက်တယ်
ပျော်ပါစေ ချစ်သူ ငါ မင်းအတွက်ဆို
စေလိုရာစေ အရင်တည်းက
သံပတ်ပေးထားတဲ့ အရုပ်ပါပဲ ချစ်သူ. . . .
war war

''ရည်ရွယ်သူသို့ တမ်းချင်း'' (war war)

''ရည်ရွယ်သူသို့ တမ်းချင်း''

ငါ့အလွမ်းတိုင်းကို ဘာ့ကြောင့်များ
မင်းကြက်ခြေခတ်ထားရတာလဲ
ချစ်သူ...
မင်းပျော်ဖို့အတွက် ငါပေးဆပ်ခဲ့တာကိုတောင်
မကျေနပ်နိုင်သေးဘူးလား
ဝေးသွားပေမယ့် တမ်းတနေမိတဲ့
ငါ့ဘဝကိုတောင် မစာနာနိုင်ရင်နေပါစေ....
ပြန်လှည့်မကြည့်ရင်လည်းနေပါစေ....
တစ်ခုပဲ ချစ်သူ . . .
ငါ့အလွမ်းတိုင်းကို ကြတ်ခြေမခတ်ဖို့
ငါတောင်းပန်ပါတယ်ကွယ်
war war

အသဲကွဲည

(အသဲကွဲည)

လူခြေတိတ်တဲ့ည ငါအိပ်မရဘူး
သူအကြောင်းတွေးရင်း မိုးလင်းခဲ့ပေါ့...
အတွေးထဲမှာ ဆွေးစရာအလွမ်းတွေနှင့်
ငါရင်နှင့်ခဲ့ပေါ့....
ပုံဖေါ်မရတဲ့ ပြယုဂ်တွေက
ငါကိုငိုညဉ်းအောင် ပြုစားတယ်
ဒီလိုနဲ့ ငါ့စိတ်က ငါ့ကိုခြောက်လန့်ပြီး
စကားတခွန်းပြောသွားတယ်
ကောင်လေးရေ--တဲ့
ဒီညမင်းအတွက် အသဲကွဲညဆိုပဲ...

ဝေးကြရင် (ကောင်းကင်)

ဝေးကြရင်

ချစ်လျှက်ဝေးရသည့်အခါ
အသည်းမှာတဆစ်ဆစ်နာရ်ျ စိုးထိပ်မှုအပြည့်နဲ့
နှလုံးသားမှာ မျက်ရည်ကျခဲ့တယ်
ဝေးသွားကြတော့လည်း တသသအလွမ်းတွေ
မျှော်လင့်သတိရ ဆွေးနေရပြန်တယ်
ဒီအချိန် ဒီနေရာ
လွမ်းရက်ရှည်ကြာစွာဖြင့်
နင့်အကြေင်း မမေ့နိုင်ခဲ့ဘူးလေ....

ကောင်းကင်

သေမိန့်ကျ နှလုံးသား (ကောင်းကင်)

သေမိန့်ကျ နှလုံးသား

ဥပေက္ခာတံခါးအထပ်ထပ်နဲ့
ငါ့နှလုံးသားကိုအကျဉ်းချ
မျှော်လင့်ချက်တွေေ၀၀ါးစေဖို့
မရေရာတဲ့စကားတွေနဲ့
ငါ့အနာဂတ်ကိုအသေသတ်ခဲ့တယ်
နင်လှည့်မကြည့်ပေမဲ့ အဖြေမဲ့နှလုံးသားက
မိုးကြိုးခသလိုတစ်ချက်တည်းနဲ့ သေခဲ့ရတယ်

ဆုတ်လည်းဆူး စားလည်းရှုး
အချစ်ကိုစားမိရင်း
အလွမ်းဆူးပါစူးခဲ့ပြီ
အမှတ်တရလွမ်းစရာ
သေရာပါဒဏ်ရာရခဲ့တယ်
အချစ်ကလေးရယ်

ကောင်းကင်

အမှတ်တရ. (ကောင်းကင်)

အမှတ်တရ

နေ့ရက်လေးတွေ အတိတ်ဆီမှာ
ကျန်ရစ်လို့သွားခဲပြီ ချစ်သူရယ်

ငါ့ဘ၀အိပ်စက်နေရင်း
နှောင်တစ်နှစ်ကူးပြောင်းလို့
ဝေဒနာ အသစ်တွေ ဆီးကြိုနေကြပြီမို့
ပိာု့း့အဝေးတစ်နေရာက
အချစ်သစ်ကို အိပ်မက်လေးနဲ့အတူ
လွမ်းဆွတ်နေမိတော့မှာပါ
ချစ်သူရယ်....

ကောင်းကင်

Saturday, July 5, 2014

အမေ.... (ကောင်းကင်)

မေတ္တာအေးနဲ့
စမ်းရေလမ်းမှာ
ဘ၀တွေကို
ထွေးဖက်ထားသော
အချစ်တတ်ဆုံး
မေမေးးးးးးးး

ပန်းဆိုတာ ဥယျာဉ်မူး
အတွက်မပာုတ်ပေမဲ့
အကြင်နာအပြည့်နဲ့
ဂရုတစိုက်
ရှိနေတတ်လို့
ဘ၀မှာအလှဆုံသော
မေမေးးးးးးးး

ဒုက္ခရဲ့ တံခါးဝမှာ
သောကတွေ
ရင်ဖွင့်ဖို့
စောင်ကြိုကာ
နေတတ်ပေမယ့်
အပူရုပ်ကို
ပာန်လုပ်ပြီး
ပြုံးနေတတ်လို့
အပြုံး တုရဲ့
မျက်နှာဖုံးပိုင်ရှင်
မေမေးးးးးးး

ထုထည်ကြီးမာ
မေတ္တာတရားကို
ပမာပြလည်
ရှုံးတာပဲလို့
ထားရှိသတိ
မြင်အောင်ကြည့်ပါ
ချစ် သား
ချစ်သ္မီးတိုကွယ်းးးးးးး
.......................
ကောင်းကင်
ရဲ့
မေမေ


ကောင်းကင်

(လောကဓံကြိုးဝိုင်းထဲကအမေ)

(လောကဓံကြိုးဝိုင်းထဲကအမေ)

အိမ်ထောင်ပြုစ ဟိုကာလမှာ
အသိမကြွယ်ပေမဲ့အမေနှလုံးသာထဲမှာ ဝင်လာတဲ့အသိတခု ရှိနှင့်ခဲ့ဖူးတယ်
အဲဒါငါအမေဖြစ်တော့မယ်ဆိုတဲ့``အမေဂုဏ်ပုဒ်´´ ညိုးနွှမ်းလို့မယုတ်ဖို့ ရှိနှင့်တဲ့အားအင်တွေအကုန်ထုတ် လက်သည်ကိုအဖေါ်လုပ်
မီးတွင်းမှာလက်နက်မဲ့စွာစစ်ခင်း
ချွှေးသွေးတွေနှင့်ရင်း
အောင်မြင်ခြင်း စကားသံကိုကြားရဖို့နှားစိုက်ကာ အသဲထိုက်နေခဲ့တဲ့ အမေ---
အူဝဲအူဝဲ ငိုသံလေးကြားပြန်တော့
ဖြူစင်မှု့နို့ရည်စက်တွေ
အလိုလိုထွက်ပေါက်ရှာပြီး
သားသ္မီးတွေကို ကြီးထွားစေခဲ့ပေါ့--အရွယ်ရောက်လာပြန်တော့လည်း
ဈေးတောင်းခေါင်းရွက် နေ့စဉ်ခရီးဆက်
သားသ္မီးလေးတွက် ဝမ်းရေးမပျက်စေခဲ့တဲ့ အမေ--လောကဓံကြိုဝိုင်းထဲမှာ
မေတ္တာမီးအိမ်ကို လက်ကိုင်းရင်း
ပြုံးပန်းတွေနှင့် အစဉ်နုပျိုနေတဲ့
တို့အားလုံးရဲ့ ---အမေ

ပေးဆပ်ခြင်း....(ကောင်းကင်)

မဖြစ်နိုင်မှန်းသိသိနဲ့
သူကိုရင်ဖွင့်မိတယ်
ညစဉ် ရက်ဆက်ပေါ့
သံစဉ်ချိုချိုနဲ့
သူ ဖြေသိမ့်ပေးခဲ့တာ
ဘယ်လိုမှမမေ့နိုင်ခဲ့ဘူး....
ဒါပေမဲ့ ငါခံစားချက်ကို
အနာတရနဲ့သွေးတိတ်စေခဲ့တယ်
နင့်ရက်စက်လိုက်တာလို့တော့
ငါမယူဆချင်ဘူး
နင့်ခံစားနေရမှာတစ်ခုပဲ
ငါကြောက်နေမိတယ်
ချစ်သူရေးးးးးးး

ကောင်းကင်..

Tuesday, July 1, 2014

(ဟောင်းနွှမ်းခြင်းမရှိသောမေတ္တာ)

(ဟောင်းနွှမ်းခြင်းမရှိသောမေတ္တာ)

ဇရာဖုံးရင်တောင်
အချစ်မဆုံးသေးတဲ့အမေ-က ပြုံးပြုံးလေးဖြင့် သားသမီးလေးကို
ရှာကြံလို့ကျွေး ကျောင်းထားပေးခဲ့သေးတယ်
ဇရာလက်ခြေဖြင့် တောင်ယာခင်းဝယ် နေစဉ်ခရီးဆက် အပြုံးမပျက်တဲ့
မေတ္တာအမေက သားသမီလေးတွေကို
ကျောင်းဝတ်စုံဆင် လှစေချင်ခဲ့သေးတယ်
ဇရာဖမ်းလို့ ကိုခန္ဓာနွှမ်းပေမဲ့
မေတ္တာမခန်းတဲ့ အမေကဖြင့်
လောကအလယ်
မျက်နှာငယ်ချင်ငယ်စမ်းပါစေတဲ့
သားသမီးများ ပြုံးပန်းတွေ
အကြိမ်ကြိမ်ဝေရင် ငါကျေနပ်တယ်ဟဲ့လို့
ကြွေးကျော်ဝင်ကြွား မေတ္တာထားလို့
မိခင်စိတ်နှင့် ဖြေသိပ်ကြည်နူး
ပီတိရေသောက် ခွန်အားတောက်ခဲ့တဲ့အမေ-

အမေ.......
အမေ.......
တို့အားလုံးရဲ့...အမေ....

အမေ့အိမ်ကိုလွမ်းသူ

အမေ့အိမ်ကိုလွမ်းသူ

မီးခိုးငွေတွေ လွှမ်းခြုံပေမဲ့
မေတ္တာရနှံ သင်းကြိုင်နေတဲ့-
အမေ့အိမ်--
သက်ကယ်တင် ဝါးအိမ်ကယိမ်းယိမ်ပေမဲ့ သားသ္မီးတွေကို မစိမ်းစေနိုင်တဲ့
အမေအိမ်-
အိမ်အိုမှာ ကျမ္မာစွာစုဝေးလို့ စုံလင်စွာသားသ္မီတွေနှင့်
သုခကိုအတူစံ ဒုက္ခကိုအတူခံရင်း
ပျော်မွှေ့ခဲ့ရတဲ့ ရက်တွေကမေ့မရနိုင်တဲ့ ပြယုဂ်တစ်ခုရယ်မို့ ဝေးရပ်မြေမှာ အနေကြာသော်လည်း ရင်တွင်းမှာတော့ အမေ့အိမ်ကို လွမ်းနေမိသူရယ်ပါ
အမေ---

မြတ်ဆရာမ

ကျောင်းဝတ်စုံ ဖြူစင်အစိမ်းရယ်နဲ့
ပါးနှစ်ဝယ်နံသာတင် ရိုးရှင်းစွာအလှနဲ့
ယဉ်ကျေးမှု့ကို အခြေပြုလို့
တောရွာမြေမှာ အခြေချနားလည်သမျှ
တပည့်အတွက်ပညာပေးရင်း
ပြုံးပန်းပီတီ ကွမ်းဆီထည့်အကြည့်ဖြင့်
မေတ္တာအပြုံး အစဉ်ပြုံးကာ
တောရွာမြေမှာ ပျော်နေရှာတဲ့
အိုမြတ်ဆရာမ
ဆရာမထုလုပ်တဲ့ ပန်းပုရုပ်ဟာ
ယခုတော့ အလှတွေကြွယ်လျှက်
လောကအတွက် အသက်ဝင်ဖို့
တက္ကသိုလ်မြေမှာ အစပြိုးနေရပြီ
အိုမြတ်ဆရာမ--
တက္ကသိုလ်မြေမှာ စိမ်ပန်းတွေဝေဆာနေတာ
မြင်မိလေတိုင်း ငယ်ကအကြောင်း
အတိတ်ဟောင်းက ရင်ထဲမွှေနောက်ရင်း
တပည့်အပေါင်းက ဆရာမနံဘေးမှာ
ခညောင်းခဲ့တာကို လွမ်းစေခဲ့တယ်
အိုမြတ်ဆရာမ---
အလွမ်းနောတဲ့ ဘဝင်ဇောနဲ့
အောင်မြင်မှု့ရတဲ့ တနေ့ဆရာမထံ
အပြေးပြန်ကာ တင်ရှိခဲ့ဖူး
မြတ်ကျေးဇူးကို ပြန်လည်ဆပ်ပါရစေ
အိုမြတ်ဆရာမ-

မြန်မာသူလေးသိပါစေ----

မြန်မာသူလေးသိပါစေ--

မြန်မာပြည်ဖွား ညီမများတို့
ရှေ့ရိုးစဉ်လာ တို့မြန်မာသည်
လွန်စွာသိမ်မွှေ ယဉ်ဓလေ့မို့
မြန်မာ့အသွင် မပျောက်စေချင်--အနောက်တိုင်စံ လှမယ်ဟန်တု
ပမာပြု၍ ရှေ့ကွဲနောက်ကွဲ
အလယ်ကွဲနှင့် ဘေးကွဲလယ်ပါ ဝတ်ကြရှာတော့ ဝတ်သူမရှက်
မြင်သူရှက်ရ မဖြစ်ရအောင်
သတိဆောင်၍ ဝတ်စားဆင်ခြင် နေထိုင်ပြင်လော--
သို့ပြီးတခါ တထွာစကပ်
ကျင်းဖင်ကြပ်နဲ့ လက်ပြတ်ပေါ်လီ ရင်တင်းကျီကို မဝတ်စေချင်
ညီမရှင်တို့မြန်မာစိတ်ထား
လူငယ်များ-