Saturday, July 12, 2014

မခွဲအတူ (သက်ပိုင်)

မခွဲအတူ

နှစ်လွှာပေါင်းယှက် စွယ်တော်ရွက်လို....
လမင်းနံဘေး ကြယ်စင်လေးလို....
ရေပြင်ပေါ်တင့် ရွှေကြာပွင့်လို....
သခင့်အဖော် ဝင့်မော်ပျော်ပါး
နှလုံးသားနဲ့....တွဲထားမယ်နော်
ဘယ်ကိုခေါ်မလဲ?
သွားကြမယ်လေ...
ဘယ်ကိုစေမလဲ?
နွေထဲဖြစ်ဖြစ် မိုးဖြစ်ဖြစ်ပေါ့
ဆောင်းသစ်မနက်ဖြန်
တစ်သက်ပန်ရည်စူး
အချစ်ဦးလေး ရင်ခွင်နွေးကြောင့်
အိပ်မက်လေးတွေ ပိုလှတယ်။

သက်ပိုင်

No comments:

Post a Comment