Tuesday, July 1, 2014

မြတ်ဆရာမ

ကျောင်းဝတ်စုံ ဖြူစင်အစိမ်းရယ်နဲ့
ပါးနှစ်ဝယ်နံသာတင် ရိုးရှင်းစွာအလှနဲ့
ယဉ်ကျေးမှု့ကို အခြေပြုလို့
တောရွာမြေမှာ အခြေချနားလည်သမျှ
တပည့်အတွက်ပညာပေးရင်း
ပြုံးပန်းပီတီ ကွမ်းဆီထည့်အကြည့်ဖြင့်
မေတ္တာအပြုံး အစဉ်ပြုံးကာ
တောရွာမြေမှာ ပျော်နေရှာတဲ့
အိုမြတ်ဆရာမ
ဆရာမထုလုပ်တဲ့ ပန်းပုရုပ်ဟာ
ယခုတော့ အလှတွေကြွယ်လျှက်
လောကအတွက် အသက်ဝင်ဖို့
တက္ကသိုလ်မြေမှာ အစပြိုးနေရပြီ
အိုမြတ်ဆရာမ--
တက္ကသိုလ်မြေမှာ စိမ်ပန်းတွေဝေဆာနေတာ
မြင်မိလေတိုင်း ငယ်ကအကြောင်း
အတိတ်ဟောင်းက ရင်ထဲမွှေနောက်ရင်း
တပည့်အပေါင်းက ဆရာမနံဘေးမှာ
ခညောင်းခဲ့တာကို လွမ်းစေခဲ့တယ်
အိုမြတ်ဆရာမ---
အလွမ်းနောတဲ့ ဘဝင်ဇောနဲ့
အောင်မြင်မှု့ရတဲ့ တနေ့ဆရာမထံ
အပြေးပြန်ကာ တင်ရှိခဲ့ဖူး
မြတ်ကျေးဇူးကို ပြန်လည်ဆပ်ပါရစေ
အိုမြတ်ဆရာမ-

No comments:

Post a Comment