ထိုင်သူမဲ့ခုံကလေး(နွေဦးကို)
မလှမ်းတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့
ခြေလှမ်းတွေက
အချိန်တန်တော့လှမ်းဖြစ်သွားတယ်
မရေရာတဲ့ဆုံးဖြတ်ချက်တွေကို
အခါခါချမိရင်း
ကိုယ့်ကိုယ်ကိုဒဏ်ခတ်မိတယ်
သေချာပါတယ်
ဒီနှောင်ကြိုးတွေထဲက
ငါရုန်းမထွက်နိုင်သေးတာ
အစိုးမရတဲ့ အနတ္တသဘောကို
နားလည်ထားပေမဲ့
ပြင်းထန်စွဲလမ်းတတ်တဲ့
စိတ်ခံစားချက်တွေက
ငါ့ကိုရှုံးနိမ်စေခဲ့တယ်
ဟိုတုန်းကပြုံးခဲ့တဲ့အပြုံးတွေ
ကြည့်ခဲ့တဲ့အကြည့်တွေလဲ
မလတ်ဆတ်မတောက်ပတော့
အရာရာဟာခြောက်သွေ့လွန်းတယ်
ခုတော့.....
ထိုင်သူမဲ့နေတဲ့ခုံကလေးမှာ
ငါတစ်ယောက်ထဲရယ်ပါ။
နွေဦးကို
မလှမ်းတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့
ခြေလှမ်းတွေက
အချိန်တန်တော့လှမ်းဖြစ်သွားတယ်
မရေရာတဲ့ဆုံးဖြတ်ချက်တွေကို
အခါခါချမိရင်း
ကိုယ့်ကိုယ်ကိုဒဏ်ခတ်မိတယ်
သေချာပါတယ်
ဒီနှောင်ကြိုးတွေထဲက
ငါရုန်းမထွက်နိုင်သေးတာ
အစိုးမရတဲ့ အနတ္တသဘောကို
နားလည်ထားပေမဲ့
ပြင်းထန်စွဲလမ်းတတ်တဲ့
စိတ်ခံစားချက်တွေက
ငါ့ကိုရှုံးနိမ်စေခဲ့တယ်
ဟိုတုန်းကပြုံးခဲ့တဲ့အပြုံးတွေ
ကြည့်ခဲ့တဲ့အကြည့်တွေလဲ
မလတ်ဆတ်မတောက်ပတော့
အရာရာဟာခြောက်သွေ့လွန်းတယ်
ခုတော့.....
ထိုင်သူမဲ့နေတဲ့ခုံကလေးမှာ
ငါတစ်ယောက်ထဲရယ်ပါ။
နွေဦးကို
No comments:
Post a Comment