ထိလွယ်ရှလွယ် ကွဲအက်ကြေမွလွယ်တဲ့
လူအသိုင်းဝိုင်းတစ်ခုလုံးကို ခြောက်လန့်ရင်းနဲ့
လမ်းဘေးမှာ....ဒုက္ခသည်စခန်းမှာ.....
ပဋိပက္ခကြားမှာ.....
ဒုက္ခမီးစတွေကလောင်ကျွမ်းကျေမ
ွပြာစတွေတောင်ဖြစ်လို့.....
တကယ်တော့ မြစ်ကမ်းပါးနံဘေးက
တိုက်စားခြင်းခံရတဲ့ အိမ်တွေလိုလေ။
စစ်တလင်းဖြစ်ခဲ့တဲ့ ပစ်ကွင်းထဲက
ဘဝအကျိုးအမြတ်က
မျက်ကန်းမျိုးစေ့တွေချပျိုးလို့
အပြစ်မဲ့သူတွေရဲ့သွေးတွေလဲရဲခဲ့ရတော့
ကိုယ်ခရီး ကိုယ်သွား ကိုယ်ဝမ်းကိုဖြည့်ဖို့တောင်
အကန့်အသတ်ခံ အသိမ်းဆည်းခံ
နေရာမှန်ကပျောက်လို့။
ရာစုနှစ်ရဲ့အနာဂတ်တွေ တစ်ခုပြီးတစ်ခု
ငါတို့ နင်တို့ ထပ်ပြီးအရောင်းစားခံ
အတုအရောင်ဒီမိုကရေစီအောက်မှာ
အမေ့ခံအနှိင်ခံ အစဉ်အလာက
ဒီအတိုင်းလုပ်ပိုင်ခွင့် ရပိုင်ခွင့်တွေ
သန်းခြောက်ဆယ်ဆိုတာ
စနစ်တစ်ခုဖြစ်ထွန်းဖို့
အထိုးကျွေးခံသက်သက် အသက်ဆက်ခဲ့ရပေါ့။
ပြည်မြန်မာလို့ကြွေးကြော်
မရဲအောင်လူတစ်စုလက်ထဲက
နင်းပြားခံဘ၀တွေ အမြတ်ကြီးစားခံလို့
လွတ်လပ်ခွင့်က သူတို့အိတ်ကပ်ထဲက
သွင်းလွယ် ထုတ်လွယ်အလုံးစုံ
အာဏာတည်လို့
ကာဘာယူဖို့သံတူကြောင်းကွဲ
ဒီမူထဲကဒီလူ ဒီပုတ်ထဲကဒီပဲ ဘာများကွဲလို့လဲ။
(အညတရမောင်)
လူအသိုင်းဝိုင်းတစ်ခုလုံးကို ခြောက်လန့်ရင်းနဲ့
လမ်းဘေးမှာ....ဒုက္ခသည်စခန်းမှာ.....
ပဋိပက္ခကြားမှာ.....
ဒုက္ခမီးစတွေကလောင်ကျွမ်းကျေမ
ွပြာစတွေတောင်ဖြစ်လို့.....
တကယ်တော့ မြစ်ကမ်းပါးနံဘေးက
တိုက်စားခြင်းခံရတဲ့ အိမ်တွေလိုလေ။
စစ်တလင်းဖြစ်ခဲ့တဲ့ ပစ်ကွင်းထဲက
ဘဝအကျိုးအမြတ်က
မျက်ကန်းမျိုးစေ့တွေချပျိုးလို့
အပြစ်မဲ့သူတွေရဲ့သွေးတွေလဲရဲခဲ့ရတော့
ကိုယ်ခရီး ကိုယ်သွား ကိုယ်ဝမ်းကိုဖြည့်ဖို့တောင်
အကန့်အသတ်ခံ အသိမ်းဆည်းခံ
နေရာမှန်ကပျောက်လို့။
ရာစုနှစ်ရဲ့အနာဂတ်တွေ တစ်ခုပြီးတစ်ခု
ငါတို့ နင်တို့ ထပ်ပြီးအရောင်းစားခံ
အတုအရောင်ဒီမိုကရေစီအောက်မှာ
အမေ့ခံအနှိင်ခံ အစဉ်အလာက
ဒီအတိုင်းလုပ်ပိုင်ခွင့် ရပိုင်ခွင့်တွေ
သန်းခြောက်ဆယ်ဆိုတာ
စနစ်တစ်ခုဖြစ်ထွန်းဖို့
အထိုးကျွေးခံသက်သက် အသက်ဆက်ခဲ့ရပေါ့။
ပြည်မြန်မာလို့ကြွေးကြော်
မရဲအောင်လူတစ်စုလက်ထဲက
နင်းပြားခံဘ၀တွေ အမြတ်ကြီးစားခံလို့
လွတ်လပ်ခွင့်က သူတို့အိတ်ကပ်ထဲက
သွင်းလွယ် ထုတ်လွယ်အလုံးစုံ
အာဏာတည်လို့
ကာဘာယူဖို့သံတူကြောင်းကွဲ
ဒီမူထဲကဒီလူ ဒီပုတ်ထဲကဒီပဲ ဘာများကွဲလို့လဲ။
(အညတရမောင်)
No comments:
Post a Comment