(လောကဓံကြိုးဝိုင်းထဲကအမေ)
အိမ်ထောင်ပြုစ ဟိုကာလမှာ
အသိမကြွယ်ပေမဲ့အမေနှလုံးသာထဲမှာ ဝင်လာတဲ့အသိတခု ရှိနှင့်ခဲ့ဖူးတယ်
အဲဒါငါအမေဖြစ်တော့မယ်ဆိုတဲ့``အမေဂုဏ်ပုဒ်´´ ညိုးနွှမ်းလို့မယုတ်ဖို့ ရှိနှင့်တဲ့အားအင်တွေအကုန်ထုတ် လက်သည်ကိုအဖေါ်လုပ်
မီးတွင်းမှာလက်နက်မဲ့စွာစစ်ခင်း
ချွှေးသွေးတွေနှင့်ရင်း
အောင်မြင်ခြင်း စကားသံကိုကြားရဖို့နှားစိုက်ကာ အသဲထိုက်နေခဲ့တဲ့ အမေ---
အူဝဲအူဝဲ ငိုသံလေးကြားပြန်တော့
ဖြူစင်မှု့နို့ရည်စက်တွေ
အလိုလိုထွက်ပေါက်ရှာပြီး
သားသ္မီးတွေကို ကြီးထွားစေခဲ့ပေါ့--အရွယ်ရောက်လာပြန်တော့လည်း
ဈေးတောင်းခေါင်းရွက် နေ့စဉ်ခရီးဆက်
သားသ္မီးလေးတွက် ဝမ်းရေးမပျက်စေခဲ့တဲ့ အမေ--လောကဓံကြိုဝိုင်းထဲမှာ
မေတ္တာမီးအိမ်ကို လက်ကိုင်းရင်း
ပြုံးပန်းတွေနှင့် အစဉ်နုပျိုနေတဲ့
တို့အားလုံးရဲ့ ---အမေ
အိမ်ထောင်ပြုစ ဟိုကာလမှာ
အသိမကြွယ်ပေမဲ့အမေနှလုံးသာထဲမှာ ဝင်လာတဲ့အသိတခု ရှိနှင့်ခဲ့ဖူးတယ်
အဲဒါ
မီးတွင်းမှာလက်နက်မဲ့စွာစစ်ခင်း
ချွှေးသွေးတွေနှင့်ရင်း
အောင်မြင်ခြင်း စကားသံကိုကြားရဖို့နှားစိုက်ကာ အသဲထိုက်နေခဲ့တဲ့ အမေ---
အူဝဲအူဝဲ ငိုသံလေးကြားပြန်တော့
ဖြူစင်မှု့နို့ရည်စက်တွေ
အလိုလိုထွက်ပေါက်ရှာပြီး
သားသ္မီးတွေကို ကြီးထွားစေခဲ့ပေါ့--အရွယ်ရောက်လာပြန်တော့လည်း
ဈေးတောင်းခေါင်းရွက် နေ့စဉ်ခရီးဆက်
သားသ္မီးလေးတွက် ဝမ်းရေးမပျက်စေခဲ့တဲ့ အမေ--လောကဓံကြိုဝိုင်းထဲမှာ
မေတ္တာမီးအိမ်ကို လက်ကိုင်းရင်း
ပြုံးပန်းတွေနှင့် အစဉ်နုပျိုနေတဲ့
တို့အားလုံးရဲ့ ---အမေ
No comments:
Post a Comment