Tuesday, July 1, 2014

(ဟောင်းနွှမ်းခြင်းမရှိသောမေတ္တာ)

(ဟောင်းနွှမ်းခြင်းမရှိသောမေတ္တာ)

ဇရာဖုံးရင်တောင်
အချစ်မဆုံးသေးတဲ့အမေ-က ပြုံးပြုံးလေးဖြင့် သားသမီးလေးကို
ရှာကြံလို့ကျွေး ကျောင်းထားပေးခဲ့သေးတယ်
ဇရာလက်ခြေဖြင့် တောင်ယာခင်းဝယ် နေစဉ်ခရီးဆက် အပြုံးမပျက်တဲ့
မေတ္တာအမေက သားသမီလေးတွေကို
ကျောင်းဝတ်စုံဆင် လှစေချင်ခဲ့သေးတယ်
ဇရာဖမ်းလို့ ကိုခန္ဓာနွှမ်းပေမဲ့
မေတ္တာမခန်းတဲ့ အမေကဖြင့်
လောကအလယ်
မျက်နှာငယ်ချင်ငယ်စမ်းပါစေတဲ့
သားသမီးများ ပြုံးပန်းတွေ
အကြိမ်ကြိမ်ဝေရင် ငါကျေနပ်တယ်ဟဲ့လို့
ကြွေးကျော်ဝင်ကြွား မေတ္တာထားလို့
မိခင်စိတ်နှင့် ဖြေသိပ်ကြည်နူး
ပီတိရေသောက် ခွန်အားတောက်ခဲ့တဲ့အမေ-

အမေ.......
အမေ.......
တို့အားလုံးရဲ့...အမေ....

No comments:

Post a Comment