Saturday, July 12, 2014

အချစ် (warwar)

''အချစ်''

အချစ်ဆိုတာ
ဘာသာမပြန်တတ်ခဲ့ပေမယ့်
နားလည်မှုလွဲခဲ့တဲ့ နင့်ကြောင့်
ငါ့ဆုံးရုံးမှုတွေက အတိုင်းထက်အလွန်ဖြစ်ခဲ့တယ်နော်
ဝေဒနာဆိုတာ
ကိုယ်ကိုယ်တိုင်ကိုပျိုးခဲ့တာမို့
နွမ်းသွားခဲ့ရင်တောင်
အဖိုးတန်နေတတ်တယ်
ပြန်လာခွင့်မရှိတဲ့ ဒီလမ်း
နင်နောက်တစ်ခါတော့
ပြန်လှည့်မလာနဲ့နော်
ငါ့နှလုံးသားက
မင်းအတွက်ဆို
မကြိုဆိုတတ်တော့ဘူး

war war

No comments:

Post a Comment