Friday, December 5, 2014

လွမ်း​နေတယ်​ ✏ စမ္ပာယ်​မြိုင်​}နီတာ

*လွမ်း​နေတယ်​*

မဖိတ်​​ခေါ်ပဲ​ရောက်​လာတတ်​တဲ့
မင်းပုံရိပ်​​တွေ​ကြောင့်
အိပ်​ပျက်​ခဲ့ရတဲ့ရက်​​တွေလဲများခဲ့ပြီ..
လမင်းကြီးနဲ့အတူ
အလွမ်းဆိုတဲ့ခံစားချက်​​တွေကိုသီကြူး
နှင်းမြူ​ ​ဖွေး​ဖွေးကျ​နေတဲ့
December လကို
ငါ့ကြည်​နူး​နေမိတယ်
လွမ်းရတဲ့ည​တွေတိုင်းသာ
ကြယ်​စင်​တစ်​ပွင့်​​ကြွေလွင့်​မယ်​ဆိုရင်
လမင်းကြီးအထီးကျန်​သွားရလိမ့်​မယ်​....
ငါ့ရဲ့အလွမ်း​တွေကို
ကိန္နရီ ကိန္နရာတို့ရဲ့
လွမ်း​ဆွေးမူနဲ့မနှိုင်းယှဉ်​လိုက်​ပါနဲ့
နှိုင်းပြစရာသာဓက
ရှာမရတဲ့အလွမ်း​တွေနဲ့
ငါမင်းကိုလွမ်း​နေတယ်​........"

စမ္ပာယ်​မြိုင်​}နီတာ

No comments:

Post a Comment