Thursday, December 18, 2014

နှင်းစွတ်​ချိန်​ (ပန်သော်တာ)

(နှင်းစွတ်​ချိန်​)

ဒီတစ်​ခါလဲ ရာသီဟာ
ဟေမံ​တောင်​တန်း​ပေါ်
ဖြူလွှလွှနှင်းဇာရုံခြုံလွှမ်း
ခြေ​လေး​ချောင်း​ထောက်
လျှောက်​လှမ်းလာ​လေရဲ့။
လာပြီဆို​တော့
ရာသီကြိုနှင်းပန်း​တွေနဲ့အတူ
ချယ်​ရီ​​တောင်​​​စောင်း​ပေါ်​မေးတင်​ထားတဲ့
သံ​​ယောဇဉ်ဆိုတဲ့နွယ်​တစ်​ပင်
အထီးကျန်​နှလုံးသားပင်​ကိုင်း​ပေါ်
ခေါင်းမော့လို့​ထောင်
နှင်း​ရေ
လွမ်းဆွတ်​သူရင်​ထဲက
စိုင်​ခဲထားတဲ့​ဝေဒနာဟာ
မိုးဝဿန်​​ပြောင်းဝက​နေမှုတ်​လွှင့်​လာခဲ့​တော့
ဆောင်းရဲ့ညလမ်း​ကြောင်း​ပေါ်
အေးချမ်းခြင်း​တွေနဲ့အတူ
မိုင်​တိုင်တို့ရှည်​လျားရပြန်​တယ်
အဲ့ဒီမိုင်​တိုင်​​တွေကိုဖြတ်​သန်း​ဖို့ရာ
ရင်​ခွင်​မှာမင်းမရှိ​တော့
ဘဝရဲ့အ​နွေးဓာတ်​တစ်​ခုက
နှင်းဆွတ်​ချိန်​ကို
မလုံ​လောက်​​စေ​တော့ဘူး
နှင်း​​ရေ
အထီးကျန်​သံ​ယောဇဉ်​တစ်​စုံကို
ဘယ်ချစ်ခြင်းကမှလက်သင့်မခံရဲတော့
အရိုင်းထည်ရင်ခုန်ခြင်းခများမြစ်ရေခမ်းတဲ့
တောင်ထွန်းအိမ်မက်ဆီ
လှည့်ပြန်ခဲ့ရဘူးတာ
ဒီတစ်ခါနဲ့ဆိုရင်
ဟေမာန်နှင်းပန်းတွေတောင်
ကိုယ်စားရှက်သွေးဖြာတော့မယ်ထင်တယ်

(ပန်သော်တာ)နမ့်စန်။။

No comments:

Post a Comment