Monday, December 8, 2014

မေ့ဖို့မလွယ် ✏ မောင်ငယ်ရင်သွေး

မေ့ဖို့မလွယ်

လွမ်းစရာ ရှိရင်
နာစရာ နဲ့ ဖြေပါ မောင်"တဲ့
မေ့နိုင်တဲ့သူ ချစ်သူခင်က
အမှာတော်ပါးတဲ့
တစ်ချက်လွှတ် အမိန့်တော်လေ...။

ခွင့်လွှတ်တော့ ခင်ရေ...
ခင့်အပေါ် နာကြည်းစရာ
အတိတ်ရဲ့ အရိပ်တွေ
ရှိနေပေမယ့်
အဲဒီ နာကြည်းစရာတွေကပဲ
လွမ်းဆွတ် တ,သ,စရာတွေ
ဖြစ်လို့နေတယ်လေ...။

မေ့ဖို့ရည်ရွယ်ကာ
ချစ်တာ မဟုတ်တော့
ခင့်ကို မမေ့နိုင်သော
မောင့်ကိုတော့ ထပ်ဆင့်
ခွင့်လွှတ်ပါ ခင်...။

မောင်ငယ်ရင်သွေး
(ပန်းတနော်)

No comments:

Post a Comment