မေ့ရင်ထဲက××× လမင်းငယ်
ဟေမာန်ဆောင်းဦးတောင်
ရောက်ခဲ့ပြီ ကိုကိုရယ်
ဒါပေမဲ့ ငယ် ရင်ထဲကို
ကိုကို ရောက်မလာခဲ့ဘူးနော်
လွမ်းတယ် တမ်းတတယ် ကိုကိုရယ်
အေးမြတဲ့ ဆောင်းညမှာ
အေးချမ်းနေပေမဲ့
ငယ် ရင်ထဲ မအေးချမ်းဘူး ကိုကို
ဟေမာန်ညရဲ့ ကြယ်ပွင့်လေးတွေက
ငယ် ကိုလှောင်ပြောင် ရယ်မောနေကြတယ်
တသသနဲ့ လွမ်းခဲ့ရတဲ့
ငယ်ရင်ထဲက အကြင်နာမေတ္တာ
ပန်းလေးတွေက ကိုကို အတွက်
နှင်းပွင့်လေးတွေလို
ထာဝရ ပွင့်လန်းနေကြတယ် ကိုကိုရယ်
ဟေမာန်ညရဲ့ လမင်းကြီးဟာ
ကမ္ဘာမြေပြင်အတွက် အမြဲတမ်း
ထိန်လင်းတောက်ပနေသလို
ငယ် ရင်ထဲက အကြင်နာ
မေတ္တာပန်းလေးတွေကလည်း
ကိုကို အတွက် အလင်းတန်းတွေ
ပေးစွမ်းနိုင်ဖို့ ထာဝရထိန်လင်း
တောက်ပနေပါ့မယ် ကိုကိုရယ်
အငယ်လေး
ဟေမာန်ဆောင်းဦးတောင်
ရောက်ခဲ့ပြီ ကိုကိုရယ်
ဒါပေမဲ့ ငယ် ရင်ထဲကို
ကိုကို ရောက်မလာခဲ့ဘူးနော်
လွမ်းတယ် တမ်းတတယ် ကိုကိုရယ်
အေးမြတဲ့ ဆောင်းညမှာ
အေးချမ်းနေပေမဲ့
ငယ် ရင်ထဲ မအေးချမ်းဘူး ကိုကို
ဟေမာန်ညရဲ့ ကြယ်ပွင့်လေးတွေက
ငယ် ကိုလှောင်ပြောင် ရယ်မောနေကြတယ်
တသသနဲ့ လွမ်းခဲ့ရတဲ့
ငယ်ရင်ထဲက အကြင်နာမေတ္တာ
ပန်းလေးတွေက ကိုကို အတွက်
နှင်းပွင့်လေးတွေလို
ထာဝရ ပွင့်လန်းနေကြတယ် ကိုကိုရယ်
ဟေမာန်ညရဲ့ လမင်းကြီးဟာ
ကမ္ဘာမြေပြင်အတွက် အမြဲတမ်း
ထိန်လင်းတောက်ပနေသလို
ငယ် ရင်ထဲက အကြင်နာ
မေတ္တာပန်းလေးတွေကလည်း
ကိုကို အတွက် အလင်းတန်းတွေ
ပေးစွမ်းနိုင်ဖို့ ထာဝရထိန်လင်း
တောက်ပနေပါ့မယ် ကိုကိုရယ်
အငယ်လေး
 
No comments:
Post a Comment