Saturday, December 6, 2014

ညီမလေးသို့...✏ မောင်ငယ်ရင်သွေး

ညီမလေးသို့...

ညီမလေးရေ...မိမိဘဝကို
သေမထူး နေမထူးလို့ ယူဆထားတဲ့လူဟာ
လောကကြီးကို အလကားလက်မြှောက်
အရှုံးပေးထားတဲ့လူနဲ့ တူနေပြီနော်...

အခက်အခဲ ဆိုတာကတော့
လောကအလယ်မှာနေထိုင်တဲ့
လူသားအားလုံး
အနည်းနှင့်အများ ကြုံတွေ့ရတာချည်းပါပဲ
ဒါကိုမှ ညီမလေးက
မိမိတစ်ယောက်တည်း ကြုံရတယ်ထင်ပြီး
ဘဝကို ဖြစ်သလို ဖြတ်သန်းသွားမယ်ဆိုရင်
ညီမလေး မှားမှာပေါ့

ဘယ်လောက်ပဲ ခက်ခဲနေပါစေ.....
ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက်
ကြိုးစားပြီး အခက်အခဲတွေကို
ဖြတ်သန်းသွားမယ်ဆိုရင်တော့
ညီမလေး အရောက်လှမ်းမယ့်
ပန်းတိုင်ကို မလွဲမသွေရောက်မှာပါ...

မောင်ငယ်ရင်သွေး
(ပန်းတနော်)

No comments:

Post a Comment