တိတ်တခိုး
တစ်ခွန်းသော စကားကိုပဲ
ကြိတ်နိုးကာ မျှော်ကိုး၍
တိတ်တခိုး စောင့်ခဲ့ရသူပါ။
သူ့အမြင် သူ့ရှေ့နား
စွံ့ဝံ့စား ကြွသွားလို့
သူ့အပြုံး သူ့စကား
မြတ်နိုးစွာ ရှုစားဖို့
ဒီ ရင် ထဲ ..မဝံ့ရဲ ခဲ့သူ။
ရင် မှာလွမ်း ကျွမ်းနေလဲ
ကိုယ့်အပူ သူလေသိဖို့
စာလွှာချီ စာသီပေမဲ့
ပေးဖို့ရာမှာ...ခွင့်မသာ
ခွင့်သာ မရဲပါ၍
ခါခါဘဲ လွဲရသူ...။
သူနှင့်ဆုံ လမ်းမှာတွေ့
မမြင်သလို ဟန်ဟိတ်နဲ့
ရှောင်ရှောင်လွှဲ သွားခဲ့ရသူပါ။
သူ့မျက်နှာ ပျိုဝါလေး
သူလာရာ မျှော်ကာငေး၍
သူမသိ လူမမြင်
မှိုင်ဆွေး၍
ငိုင်ငိုင်လေး ကြည့်ခဲ့ရသူပါ။
ဪ...
တိတ်တခိုးနဲ့ ကြိတ်ပိုးခဲ့သူ
ကိုယ်ချစ်သူ သူက လေး
ခွင့်အခါ ကံသာပေးလျှင်ဖြင့်
မင်းကိုလေ...
ကိုယ်ချစ်တဲ့ အ ကြောင်း
ဖွင့်လောင်းလိုက်ချင်ရဲ့...။
သူ့ရှင်{က လေး}
တစ်ခွန်းသော စကားကိုပဲ
ကြိတ်နိုးကာ မျှော်ကိုး၍
တိတ်တခိုး စောင့်ခဲ့ရသူပါ။
သူ့အမြင် သူ့ရှေ့နား
စွံ့ဝံ့စား ကြွသွားလို့
သူ့အပြုံး သူ့စကား
မြတ်နိုးစွာ ရှုစားဖို့
ဒီ ရင် ထဲ ..မဝံ့ရဲ ခဲ့သူ။
ရင် မှာလွမ်း ကျွမ်းနေလဲ
ကိုယ့်အပူ သူလေသိဖို့
စာလွှာချီ စာသီပေမဲ့
ပေးဖို့ရာမှာ...ခွင့်မသာ
ခွင့်သာ မရဲပါ၍
ခါခါဘဲ လွဲရသူ...။
သူနှင့်ဆုံ လမ်းမှာတွေ့
မမြင်သလို ဟန်ဟိတ်နဲ့
ရှောင်ရှောင်လွှဲ သွားခဲ့ရသူပါ။
သူ့မျက်နှာ ပျိုဝါလေး
သူလာရာ မျှော်ကာငေး၍
သူမသိ လူမမြင်
မှိုင်ဆွေး၍
ငိုင်ငိုင်လေး ကြည့်ခဲ့ရသူပါ။
ဪ...
တိတ်တခိုးနဲ့ ကြိတ်ပိုးခဲ့သူ
ကိုယ်ချစ်သူ သူက လေး
ခွင့်အခါ ကံသာပေးလျှင်ဖြင့်
မင်းကိုလေ...
ကိုယ်ချစ်တဲ့ အ ကြောင်း
ဖွင့်လောင်းလိုက်ချင်ရဲ့...။
သူ့ရှင်{က လေး}
 
No comments:
Post a Comment