(သစ်ရွက်ကြားက အချစ်)
ပန်းပွင့်တယ်ဆိုတာ
သဘာဝပါ ခင်ရယ်။
ပန်ဆင်ပါစေ ရည်စူးပြီး။
ဖူးပွင့်အစဉ် ... ခင်ကြိုက်ရင်
အညှာကို ချိုးပြီး
မြတ်နိုးတော့ ပန်ချင်ပန်ပါ။
မပန်ချင်လို့ မကြိုက်ရင်လဲ
ပစ်လိုက်ပေါ့နော် ...
သစ်ရွက်ကြို သစ်ရွက်ကြားက ....
ခင်သွားရင် ရနံ့ပေးမယ့်
ခင်မွှေးရင် ပျော်ရွှင်လို့
ခင်မမြင် ခင်မကြည့်ပေမယ့်
ခင်သိရင် ကျေနပ်ပါရဲ့ ။ ။
သစ်ရွက်ကြို သစ်ရွက်ကြားကပဲ
ချစ်သွားပါ့မယ် ခင်ရယ် ။ ။
သက်ပိုင်
ပန်းပွင့်တယ်ဆိုတာ
သဘာဝပါ ခင်ရယ်။
ပန်ဆင်ပါစေ ရည်စူးပြီး။
ဖူးပွင့်အစဉ် ... ခင်ကြိုက်ရင်
အညှာကို ချိုးပြီး
မြတ်နိုးတော့ ပန်ချင်ပန်ပါ။
မပန်ချင်လို့ မကြိုက်ရင်လဲ
ပစ်လိုက်ပေါ့နော် ...
သစ်ရွက်ကြို သစ်ရွက်ကြားက ....
ခင်သွားရင် ရနံ့ပေးမယ့်
ခင်မွှေးရင် ပျော်ရွှင်လို့
ခင်မမြင် ခင်မကြည့်ပေမယ့်
ခင်သိရင် ကျေနပ်ပါရဲ့ ။ ။
သစ်ရွက်ကြို သစ်ရွက်ကြားကပဲ
ချစ်သွားပါ့မယ် ခင်ရယ် ။ ။
သက်ပိုင်
No comments:
Post a Comment