Thursday, December 18, 2014

ပန်းသည် (၂) မောင်ငယ်ရင်သွေး

''ပန်းသည်''(၂)

ဘဝကံ မလှလို့
ပန်းသည်ဘဝ ရောက်ရပေမယ့်
သူတို့လေးတွေရဲ့ စိတ်ဓာတ်ဟာ
သူတို့လက်ထဲက ပန်းစံပယ်လေးတွေလို
ဖြူစင်ပါတယ်။

အခြေနေ မပေးလို့
ပညာ ဝေးပေမယ့်
သူတို့လေးတွေရဲ့ အသိဥာဏ်
မြင့်မြတ်ပါတယ်။

အမြင်ကျဉ်းသူတွေ အတွက်
ပန်းသည်ဟာ နန်းမဆန်ပေမယ့်
အမြင်ကျယ်သူတွေ အတွက်တော့
ပန်းသည်ဟာ ဘဝထည်ပါတယ်...။

မောင်ငယ်ရင်သွေး(ပန်းတနော်)

ချစ်စရာ ပန်းသည်ကလေးများကို
ရည်ရွယ်သည်...

No comments:

Post a Comment