ဘာမှမလိုဘူး(ကျော်နှင်းဆီ)
ထားခဲ့ပြီးမှတော့
သတိမရနဲ့ မေ့လိုက်တော့
နှုတ်ဆက်စကားလည်း မလိုပါဘူး
အားနာပြီလှည့်ကြည့်စရာလည်း မလိုပါဘူး
ငါ့အတွက် ဘာမှမလိုပါဘူး
ငါတို့က
အဖြူရောင်စည်းခြားထားတဲ့
သူငယ်ချင်းတွေပဲ
ငါဘာပဲဖြစ်ဖြစ်
မင်းအဆင်ပြေရင် ကျေနပ်ပါတယ်
သူငယ်ချင်းရယ်။
ထားခဲ့ပြီးမှတော့
သတိမရနဲ့ မေ့လိုက်တော့
နှုတ်ဆက်စကားလည်း မလိုပါဘူး
အားနာပြီလှည့်ကြည့်စရာလည်း မလိုပါဘူး
ငါ့အတွက် ဘာမှမလိုပါဘူး
ငါတို့က
အဖြူရောင်စည်းခြားထားတဲ့
သူငယ်ချင်းတွေပဲ
ငါဘာပဲဖြစ်ဖြစ်
မင်းအဆင်ပြေရင် ကျေနပ်ပါတယ်
သူငယ်ချင်းရယ်။
No comments:
Post a Comment