ပွင့်သစ်စ ကာရံမဲ့အချစ်ပန်း
ပန်းတစ်ပွင့်သည်
ညတွင်အဖူး နံနက်ပွင့်လန်း
ဥတုဒဏ်လျင် မကြုံရသေး
ငွါးငွါးစွင့်စွင့် တင့်တင့်တယ်တယ် ၊
ပျား,ပုတုံးများ မနားခိုခင်
ဝတ်ရည်ပြည့်လျှံ လန်းဆန်းစွာဖြင့်
ဝင်ကြွားထယ်ဝါ လှပလွန်းနေ
မြင်သူတိုင်းက စွတ်ချူချင်နေ
သူ့သဘာဝ ပွင့်လာငြားလည်း
စစ်မှန်မေတ္တာ မြတ်နိုးမှန်ကို
ဆုံတွေ့ရလည်း……၊
လေယူရာယိမ်း ကိုင်းညွတ်တိမ်းမှား
ရှောင်သွေဖယ်ခွါ ဖြစ်တတ်လေရာ
ရင်ဝယ်မြတ်နိုး ချစ်စစ်မျိုးနှင့်
ချစ်ပန်းပွင့်မှာ လွဲရစွာသာ
ကြုံရရှာသည် ………။ ။
ကိုစိုးလင်း
တောင်ဥက္ကလာ
ပန်းတစ်ပွင့်သည်
ညတွင်အဖူး နံနက်ပွင့်လန်း
ဥတုဒဏ်လျင် မကြုံရသေး
ငွါးငွါးစွင့်စွင့် တင့်တင့်တယ်တယ် ၊
ပျား,ပုတုံးများ မနားခိုခင်
ဝတ်ရည်ပြည့်လျှံ လန်းဆန်းစွာဖြင့်
ဝင်ကြွားထယ်ဝါ လှပလွန်းနေ
မြင်သူတိုင်းက စွတ်ချူချင်နေ
သူ့သဘာဝ ပွင့်လာငြားလည်း
စစ်မှန်မေတ္တာ မြတ်နိုးမှန်ကို
ဆုံတွေ့ရလည်း……၊
လေယူရာယိမ်း ကိုင်းညွတ်တိမ်းမှား
ရှောင်သွေဖယ်ခွါ ဖြစ်တတ်လေရာ
ရင်ဝယ်မြတ်နိုး ချစ်စစ်မျိုးနှင့်
ချစ်ပန်းပွင့်မှာ လွဲရစွာသာ
ကြုံရရှာသည် ………။ ။
ကိုစိုးလင်း
တောင်ဥက္ကလာ
No comments:
Post a Comment