စွန့်ပစ်ခံ အလွမ်း
တမ်းတမ်းတတ ဖြစ်နေတဲ့
စိတ်မှာလိုအပ်ချက်များစွာ
သတိရခြင်းကြိုးနဲ့ချည်လို့
နေ့ညတွေကခါးတယ်။
တစ်ဘဝလုံးမောင်းဖို့
အဝေးဆုံးလမ်းကို
အလွမ်းနဲ့ပူးချည်သွားတော့
ဒီညပျက်ကြီးထဲ လွဲချော်မူတွေက
ရေချိန်ကိုက်လို့
ငါနင်ကိုပြောခဲ့ဖူးသလိုပဲပေါ့
နှလုံးသားမှာ သိပ်ချစ်ခဲ့လို့
ရင်ပူအောင် မွတ်သိပ်တောင်းတပေမဲ့
ရင်ငွေ့ကမရခဲ့ဘူးလေ။
အခုတော့ . . . .
်ဒီအကွာအဝေးတွေကိုပဲ
အလွတ်ရနေလို့
ငါနှလုံးသားရပ်ဝန်းမှာ
တွန့်ကြေနေခဲ့စိတ်နဲ့
ငါအလွမ်းတွေလှောင်ပိတ်လို့
အမှန်တရားတွေက
မြတ်နိုးပိုင်ခွင့်မရှိတဲ့ တမ်းတမူတွေထက်
မရနိင်တဲ့ ဝေးကွာခြင်းအိမ်မက်မှာ
ကျကျကွဲလို့။
 
သေချာပါတယ်
မင်းဖွင်လှစ်ထားတဲ့
မျက်ဝန်းရဲ့အကြည့်အဆုံးဟာ
ဒီနှလုံးသားပေါ်မှာ လွမ်းခွင့်တွေသာ
အငွေ့ပျံ ကျန်နေခဲ့တာ. . . ။
အညတရမောင်
တမ်းတမ်းတတ ဖြစ်နေတဲ့
စိတ်မှာလိုအပ်ချက်များစွာ
သတိရခြင်းကြိုးနဲ့ချည်လို့
နေ့ညတွေကခါးတယ်။
တစ်ဘဝလုံးမောင်းဖို့
အဝေးဆုံးလမ်းကို
အလွမ်းနဲ့ပူးချည်သွားတော့
ဒီညပျက်ကြီးထဲ လွဲချော်မူတွေက
ရေချိန်ကိုက်လို့
ငါနင်ကိုပြောခဲ့ဖူးသလိုပဲပေါ့
နှလုံးသားမှာ သိပ်ချစ်ခဲ့လို့
ရင်ပူအောင် မွတ်သိပ်တောင်းတပေမဲ့
ရင်ငွေ့ကမရခဲ့ဘူးလေ။
အခုတော့ . . . .
်ဒီအကွာအဝေးတွေကိုပဲ
အလွတ်ရနေလို့
ငါနှလုံးသားရပ်ဝန်းမှာ
တွန့်ကြေနေခဲ့စိတ်နဲ့
ငါအလွမ်းတွေလှောင်ပိတ်လို့
အမှန်တရားတွေက
မြတ်နိုးပိုင်ခွင့်မရှိတဲ့ တမ်းတမူတွေထက်
မရနိင်တဲ့ ဝေးကွာခြင်းအိမ်မက်မှာ
ကျကျကွဲလို့။
သေချာပါတယ်
မင်းဖွင်လှစ်ထားတဲ့
မျက်ဝန်းရဲ့အကြည့်အဆုံးဟာ
ဒီနှလုံးသားပေါ်မှာ လွမ်းခွင့်တွေသာ
အငွေ့ပျံ ကျန်နေခဲ့တာ. . . ။
အညတရမောင်
 
No comments:
Post a Comment