သိမ်းထားပါရစေ....
ငါ့မေတ္တာတွေတံတားအဖြစ်ရှိနေဆဲပါ
မြေပုံလမ်းညွှန်လေးတွေ
လပြည့်ညတိုင်းဆီ ဖြန့်ထားပြီးပြီ
မင်းလျှောက်လာမဲ့လမ်းလေးဟာ
ငါ့ဆီကိုပဲဖြစ်ပါရစေသား
ဒီလူရဲ့ရင်ထဲကိုဝင်မကြည့်ပဲနဲ့
သိမ့်မွေ့သောမေတ္တာဘယ်မြင်နိုင်မလဲ
ဆည်းလဲသံတွေ ဟို့...အဝေးဆီကကြားတိုင်း
မျက်မြင်သက်သေမရှိတဲ့
ငါ့အချစ်တွေပိုလိုခိုင်မာလာတယ်
အခုတော့လည်းကြမ္မာဆိုးက
သက်တော်ရှည်လွန်းတယ်
မင်းနဲ့နီးခွင့်မရခဲ့အောင်
ငါနဲ့ဝေးဖို့ဘယ်ဘဝကဆုပန်ခဲ့တာလဲ
မင်းအတွက်ဆိုငါ့ရင်ထဲမှာ
ဟိုး...ပဝေသဏီကတေးစလေးတွေတောင်
ပြန်ပြီနုပျိုနေဆဲပါ
မင်းနဲ့နီးခွင့်ရဖို့က
ဒီဘဝတွင်ပဲလား...မဟုတ်ဘူး
နောင်ဘဝဆိုလဲစောင့်ရဲတယ်
အက္ခရာမပါတဲ့စာလုံးလေးတွေ
မင်းမျက်ဝန်းထဲကို
သီကုံးပေးလိုက်ချင်တယ်
ဘာဖြစ်လို့လဲသိလား
မင်းအတွက်နစ်နာခံမဲ့သူဟာ
ငါတစ်ယောက်ထဲပဲဖြစ်လိုပါ
မင်းရဲ့အနားမှာဘယ်သူပဲရှိရှိ
ငါ့ရဲ့ရင်ထဲမှာမင်းတစ်ယောက်ထဲပါ
နောင်ဆိုသောအချိန်တွေထိအောင်
ငါ့ဒဏ်ရာတွေ
ထုံဆေးသွင်းပြီးသိမ်းမထားပါရစေ
အလင်းရောင်
ထပ်ဆင့်ခံစား များစွာပျားဘုရား
ငါ့မေတ္တာတွေတံတားအဖြစ်ရှိနေဆဲပါ
မြေပုံလမ်းညွှန်လေးတွေ
လပြည့်ညတိုင်းဆီ ဖြန့်ထားပြီးပြီ
မင်းလျှောက်လာမဲ့လမ်းလေးဟာ
ငါ့ဆီကိုပဲဖြစ်ပါရစေသား
ဒီလူရဲ့ရင်ထဲကိုဝင်မကြည့်ပဲနဲ့
သိမ့်မွေ့သောမေတ္တာဘယ်မြင်နိုင်မလဲ
ဆည်းလဲသံတွေ ဟို့...အဝေးဆီကကြားတိုင်း
မျက်မြင်သက်သေမရှိတဲ့
ငါ့အချစ်တွေပိုလိုခိုင်မာလာတယ်
အခုတော့လည်းကြမ္မာဆိုးက
သက်တော်ရှည်လွန်းတယ်
မင်းနဲ့နီးခွင့်မရခဲ့အောင်
ငါနဲ့ဝေးဖို့ဘယ်ဘဝကဆုပန်ခဲ့တာလဲ
မင်းအတွက်ဆိုငါ့ရင်ထဲမှာ
ဟိုး...ပဝေသဏီကတေးစလေးတွေတောင်
ပြန်ပြီနုပျိုနေဆဲပါ
မင်းနဲ့နီးခွင့်ရဖို့က
ဒီဘဝတွင်ပဲလား...မဟုတ်ဘူး
နောင်ဘဝဆိုလဲစောင့်ရဲတယ်
အက္ခရာမပါတဲ့စာလုံးလေးတွေ
မင်းမျက်ဝန်းထဲကို
သီကုံးပေးလိုက်ချင်တယ်
ဘာဖြစ်လို့လဲသိလား
မင်းအတွက်နစ်နာခံမဲ့သူဟာ
ငါတစ်ယောက်ထဲပဲဖြစ်လိုပါ
မင်းရဲ့အနားမှာဘယ်သူပဲရှိရှိ
ငါ့ရဲ့ရင်ထဲမှာမင်းတစ်ယောက်ထဲပါ
နောင်ဆိုသောအချိန်တွေထိအောင်
ငါ့ဒဏ်ရာတွေ
ထုံဆေးသွင်းပြီးသိမ်းမထားပါရစေ
အလင်းရောင်
ထပ်ဆင့်ခံစား များစွာပျားဘုရား
No comments:
Post a Comment