Saturday, December 6, 2014

အဖေ့ စတိုင်လ် ✏ သက်နောင်

''အဖေ့ စတိုင်လ်''

ပုဆိုးတိုတို အင်္ကျီညိုနှင့်
ဓားမတိုကို ခါးမှာထိုးလို့
မိုးပေါ်က နေမင်း
စစ်ခင်းရန်အတွက်
ခမောက်တစ်ချပ်
စုတ်ပျက် ခုံပါး ဖိနပ်များနှင့်
တောသွားဖို့ရန် ဟန်ပြင်
အလှတွေ မဆင်မြန်းပေမဲ့
အဖေ့ စတိုင်လ် ခပ်မိုက်မိုက်ကို
သားသဘောကျတယ် အဖေ...

သက်နောင် (ရှောက်ပင်ရိုး)

No comments:

Post a Comment