Saturday, December 6, 2014

ရိုးမြေကျသည့်တိုင် ✏ မောင်ငယ်ရင်သွေး

ရိုးမြေကျသည့်တိုင်

အချိန်တွေ ပြောင်းလို့
ဇရာတွေ ထောင်းခဲ့ပေမယ့်
ငါ့အပေါ် ထားတဲ့
နင့်ရဲ့ အမုန်းပန်းတွေကတော့
အရင်လို မွှေးပျံ့မြဲ
ပျိုမြစ်နုပျို နေမြဲပဲနော်...

နင့်ကို ချစ်မိတဲ့ ချစ်ခြင်းတွေဟာ
ငါ့ကို မုန်းဖို့ အကြောင်းပြချက်
တစ်ခုဖြစ်နေရင်တောင်
အဲဒီ အမုန်းတရားတွေကို
ခါးသက်သက် အရသာတွေ
လိမ်းသုပ်ထားမှန်းသိလျက်
သေသည့်တိုင်အောင်
ကျေနပ်စွာနဲ့ ဆက်လက်ထွေးပွေ့ထားမှာပါ..။

မောင်ငယ်ရင်သွေး
(ပန်းတနော်)

No comments:

Post a Comment