Monday, December 8, 2014

ထာဝရသခင် ✏ ဦးသီဟ

ထာဝရသခင်

မချစ်ခင်လို့
တမင်တကာအပြစ်မြင်
ရှောင်ခွါလိုတိမ်း စိမ်းရက်တယ်သခင်
တူနှစ်ကိုယ်ချစ်ခဲ့စဉ်က
အပြစ်မမြင် ထာဝစဉ်
ချစ်ခင်ပါမယ်ရယ်လို့
ဂတိတွေအကြိမ်ကြိမ်ပေး
မေပါငဲ့သခင်
သခင့်မျက်နှာ
ရွှင်ပြုးံကာမြင်ရပါမှ
မေ့အသဲမှာစိတ်ချမ်းသာတာမို့
ငြိုးမာန်ဖွဲရက်စက်သူကြီးမို့
မထင်ရက်နိုင်ပါဘူး
လှည့်ကာမေအသဲ
ညာခွဲကာရက်စက်ချင်လည်း
ရင်ထဲကခိုင်မြဲတဲ့အချစ်တွေနဲ့
ရင်ဆွဲရှိပြီးသားမို့
ခွင့်လွတ်စွာချစ်မြဲချစ်ပါမယ်
ရက်စက်ပါအချစ်သခင်

ပေါင်းတည်သားလေး
ဦးသီဟ

No comments:

Post a Comment