Thursday, December 18, 2014

ခွင့်လွတ်ပါတယ်သူငယ်ချင်း ✏ ထွန်းနောင်(ဖောင်းပြင်)

" ခွင့်လွတ်ပါတယ်သူငယ်ချင်း "

သူငယ်ချင်း . .
မင်းရဲ့စိတ်တွင် မောဟဝင်၍
ပြစ်တင်ပြောကြား ဒီစကားကို
ငါကြားခဲ့ရ ထိုခဏမှာ
လွန်စွာထန်ပြင်း ငါ့ရင်တွင်းမှ
မုန်းခြင်းဒေါသ လှိုက်လှိုက်ထခဲ့ . . . ။

သို့ပါသော်ငြား သိတရားနှင့်
အားထားစရာ ဉာဏ်ပညာနှင့်
ထပ်ကာသတိ တွေးဆကြည့်ရင်း
သည်းခံခြင်းဖြင့်
ချင်းချင်းခွင့်လွတ်လိုက်ပါသည် . . . ။

ထွန်းနောင်(ဖောင်းပြင်)

No comments:

Post a Comment