Saturday, December 6, 2014

ဒီဘဝ ဒီမျှ ✏ အရှင်ကေသရ ( ဖောင်းပြင်)

( ဒီဘဝ ဒီမျှ )

ဘုရား တရား သံဃာအားဖြင့်
သုံးပါးရတနာ အရိယာကို
နေ့ညမပြတ် ဆည်းကပ်ဖို့အရေး
အလေးပေး၍ စာအုပ်စာပေ
အထွေထွေနဲ့ "ဟောဖော်ညွန်းပြ
ဆိုဆုံးမသည် ဓမ္မကထိကအကျော်
ဆရာတော်များ ဟောကြပြောကြ
ရေးနေကြသည်ကို ဥပေက္ခာမူ
မျက်ကွယ်ပြု၍ ပေါ့ပေါ့ဆဆ
နေကျမည်ဆိုပါလျှင်....
အမျိုးနဲ့ဘာသာ သာသနာနဲ့
လူမျိုးအဆက်ဆက် ရှိခိုးခဲ့သမျှ
ဒီဘဝဒီသာသနာ ဒီမျှနဲ့ပင်
အဆုံးသတ်လိမ့်မည်ထင်"""

အရှင်ကေသရ ( ဖောင်းပြင် )

No comments:

Post a Comment