Sunday, December 21, 2014

ညီမလေးသို့ (၁) မောင်ကေ

ညီမလေးသို့ (၁)

ချစ်တတ်ခြင်းတွေကို
ငါမကြိုဆိုချင်ပါ
တမ်းတရတာတွေကိုလည်း
မုန်းတီးမိပြီ
မျှော်လင့်ချက်တွေကိုလည်း
ခါးသီးစွာနဲ့
ရင်မှာပိုက်ထားရမြဲပါ
ခံစားချက်တွေကို
ဖွင့်ဟတိုင်တည်ဖို့
တစ်စုံတစ်ယောက်ကို
တမ်းတမိပေမယ့်
လက်တွေ့မှာတော့
လောကကြီးကပေးတဲ့
ခံစားချက်တွေကို
တနင့်တပိုးသယ်ဆောင်ရင်း
အဆုံးမရှိတဲ့ခရီးလမ်းကို
ယောင်ဝါးဝါးနဲ့
ငါတစ်ယောက်ထဲ
လျှောက်လှမ်းမြဲပေါ့
ညီမလေးရယ်။

မောင်ကေ(သောတုဇန)

No comments:

Post a Comment