Saturday, December 6, 2014

ချစ်နှမသို့.....✏ နွေဦး

ချစ်နှမသို့

အချိန်ခါကျ
သဘာဝရဲ့တွန်းအား
ကျင်လည်ရာ
မြင်ကြားခြင်းရဲ့ လှုပ်ဆော်မှုကြောင့်
မင်းစိတ်တွေကစားနေလား
ဘယ်တော့မှ
အစစ်မဖြစ်နိုင်တဲ့
အတုတွေကို
မင်းခန္ဓာအိမ်မှာ
ကော်ပီကူးလို့
မတပ်ဆင်လိုက်ပါနဲ့
နောင်တနှင့် ဒုက္ခသို့
ဦးတည်နေသူတွေ
နည်းပါး လွဲမှားတဲ့
အသိဉာဏ်ရဲ့ ပြယုဂ်တွေနောက်
မင်းတစ်ယောက်
မလိုက်မိပါစေနဲ့ ။

နွေဦး

No comments:

Post a Comment