တယောက်သောသူ နွယ်လေးအတွက်''
အမှတ်တမဲ့ တွေဆုံမူ့ရဲ့
ခင်မင်ခြင်း သံယောဇဉ်ဟာ
ခိုင်မြဲစွာရစ်တွယ်လာတော့
ရင်ခုန်ခြင်းဆိုတဲ့ ချစ်ခြင်းမေတ္တာတွေကို
မွေးဖွားပေးခဲ့ပြီပေါ့
ငါ့ရဲ့ရင်ခုန်သံကို ဖွင့်ဟချင်ပေမဲ့
သူငယ်ချင်းဆိုတဲ့ အဖြူရောင်တံတိုင်းဟာ
တားစီးထားတော့ ငါ့ရဲ့အချစ်စိတ်ရိုင်းတွေကို
ငါထိန်းချုပ်ထားလိုက်ပါ့မယ်
သူငယ်ချင်းဆိုတဲ့စည်းနဲ့ အချစ်စစ်ကြားမှာ
ငါဟာထောင်ချောက်တခုလို ပိတ်မိနေပြီပေါ့
ဒါပေမဲ့
ငါ့မှာအိမ်မက်ဆိုတဲ့ ထွက်ပေါက်တခုတော့
ရှိနေပါသေးတယ်
ငါ့မျက်လုံးတွေ မှိတ်သွားတဲ့အခါမှာလဲ
နင်ရဲ့ ပုံရိပ်တွေဟာ ပုံပြင်တပုဒ်လို
ထင်ကျန်ခဲ့ပြီး ငါနိုးထချိန်မှာတော့
အိမ်မက်လေးတွေဟာ ငါ့ရဲ့ ဘေးမှာပဲ
လေပြေလေးတွေနဲ့အတူ
မျောလွင့်နေပြီပေါ့
လွမ်းတေဇ (ရွှေကန်)
အမှတ်တမဲ့ တွေဆုံမူ့ရဲ့
ခင်မင်ခြင်း သံယောဇဉ်ဟာ
ခိုင်မြဲစွာရစ်တွယ်လာတော့
ရင်ခုန်ခြင်းဆိုတဲ့ ချစ်ခြင်းမေတ္တာတွေကို
မွေးဖွားပေးခဲ့ပြီပေါ့
ငါ့ရဲ့ရင်ခုန်သံကို ဖွင့်ဟချင်ပေမဲ့
သူငယ်ချင်းဆိုတဲ့ အဖြူရောင်တံတိုင်းဟာ
တားစီးထားတော့ ငါ့ရဲ့အချစ်စိတ်ရိုင်းတွေကို
ငါထိန်းချုပ်ထားလိုက်ပါ့မယ်
သူငယ်ချင်းဆိုတဲ့စည်းနဲ့ အချစ်စစ်ကြားမှာ
ငါဟာထောင်ချောက်တခုလို ပိတ်မိနေပြီပေါ့
ဒါပေမဲ့
ငါ့မှာအိမ်မက်ဆိုတဲ့ ထွက်ပေါက်တခုတော့
ရှိနေပါသေးတယ်
ငါ့မျက်လုံးတွေ မှိတ်သွားတဲ့အခါမှာလဲ
နင်ရဲ့ ပုံရိပ်တွေဟာ ပုံပြင်တပုဒ်လို
ထင်ကျန်ခဲ့ပြီး ငါနိုးထချိန်မှာတော့
အိမ်မက်လေးတွေဟာ ငါ့ရဲ့ ဘေးမှာပဲ
လေပြေလေးတွေနဲ့အတူ
မျောလွင့်နေပြီပေါ့
လွမ်းတေဇ (ရွှေကန်)
No comments:
Post a Comment