Saturday, December 6, 2014

လွမ်းဖော် (လျှို့ဝှက်လွမ်း)

လွမ်းဖော် (လျှို့ဝှက်လွမ်း)

မြေခတဲ့နှင်းနဲ့အတူ
ကြွေကျကာဆင်းတဲ့မျက်ရည်ဟာ
နွေမရောက်ခင်က
ဗွေဖောက်တဲ့ရွက်ခြောက်လို
အလူးအလွန့်ကင်းကာနဲ့
သေတွင်းထဲရောက်တဲ့အသဲ
ငါတစ်ယောက်တည်းတော့မလွမ်းဘူး
နင်တစ်ယောက်ကိုလွမ်းနိုင်ဖို့
ငါရယ် မျက်ရည်မိုးရယ်
အိပ်မက်ဆိုးရယ်
အထီးကျန်ခြင်းရယ်
ကယောင်ခြောက်ခြားနိုင်မှုရယ်
နေ့တစ်ခါ ညတစ်လှည့်
နေ့စဉ်ရက်ဆက်
လွမ်းလျှက်
လွမ်းတတ်ခဲ့လေပြီ့ 

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

No comments:

Post a Comment