Saturday, December 6, 2014

တစ်နေ့သောအခါကြရင်သာ (လျှို့ဝှက်လွမ်း)

တစ်နေ့သောအခါကြရင်သာ (လျှို့ဝှက်လွမ်း)

လွမ်းရပေမယ့်
မှန်းဆစရာမလိုပါပဲ
အတိတ်ပန်းချီကားရဲ့
နှလုံးသားနံရံတွေကြားမှာ
နင့်ပုံရိပ်တွေနေထိုင်ကျက်စားလျှက်ပါ
မလွမ်းပြချင်ဘူးချစ်သူ
မမှန်းဆချင်ဘူး
တမ်းတမိတဲ့အခါတွေတောင်
အသုံးမကျတဲ့င့ါဘဝ
နင်မုန်းရတာမဆန်းဘူးလေ
အတွေးတွေရဲ့နောက်ကွယ်က
အဆွေးတွေပျက်ပြယ်စေဖို့
လူလုံးမလှခဲ့တဲ့
အပူလုံးကိုမပြတော့တဲ့တစ်နေ့
နင်ငါ့ကိုချစ်ပြလို့ပေးပါနော့့် 

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

No comments:

Post a Comment